Xiaomi ဟာ ဒီလနှောင်းပိုင်းမှာ စွမ်းရည်မြင့် Mi 11 ကို ကြေညာတော့မယ်လို့ ထင်ပါတယ်။ နေ့ရက် အတိအကျကတော့ ဒီလ ၂၉ ရက်နေ့လို့ သတင်းထွက်နေပါတယ်။ Mi 11 ဟာ Snapdragon 888 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်မယ်လို့ သတင်းကြီးနေပြီး အဲဒီဖုန်းရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံတွေလည်း မကြာခဏ ပေါက်ကြားနေပါတယ်။ အခုတော့ Mi 11 ရဲ့ Screen Protector ဓါတ်ပုံ ပေါက်ကြားလာပါတယ်။

Xiaomi Mi 11

အဲဒီဖုန်းမှာ မျက်နှာပြင်ကွေး ပါလာမှာ သေချာသွားပြီး မျက်နှာပြင် ဘယ်ဘက်အထက်နားမှာ Punch Hole တပ်ဆင်ထားပါတယ်။ Mi 10 , Mi 10 Pro နဲ့ Mi 10 Extreme Edition တို့ရဲ့ Punch Hole ဒီဇိုင်းနဲ့ တူနေပါတယ်။ Xiaomi ဟာ တတိယမျိုးဆက် မျက်နှာပြင်အောက် ကင်မရာကို ၂၀၂၁ မှာ အမြောက်အများ ထုတ်လုပ်မယ်လို့ အရင်က အတည်ပြုထားပါတယ်။ ဒါပေမယ့်လည်း အခုထွက်လာတဲ့ Screen Protector အရ Mi 11 မှာ ဒီနည်းပညာ ပါလာမှာ မဟုတ်ပါဘူး။  Mi 11 မှာ 8GB RAM နဲ့ 55W Fast Charging ပါမယ်လို့ သတင်းထွက်နေပါတယ်။

Xiaomi Mi 11

Mi 11 Series မှာ Samsung 2K AMOLED မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါတဲ့ စွမ်းရည်မြင့် ဗားရှင်း ၁ မျိုးပါလာမယ်လို့ သိရပါတယ်။ 120W Ultra-flash Charging ပါလာမှာက အကြမ်းစားကြီးပါ။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ LED Flash ၁ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး 108MP , 13MP Ultrawide နဲ့ 5MP တွေ ဖြစ်မှာပါ။

Ref : gizmochina