Facebook က App မှာ ပြောင်းလဲမှု တချို့ကို ကြေညာလိုက်ပါတယ်။ App ကို ဖွင့်ရင် မြင်ရတဲ့ ပင်မ Feed ကို အခုတော့ Home လို့ နာမည်ပေးလိုက်တာက သဘာဝ ကျပါတယ်။ ဒါပေမယ့် ဒါဟာ သတင်းထူး မဟုတ်ပါဘူး။
သတင်းထူးက App မှာ Feeds လို့ ခေါ်တဲ့ Tab အပို ၁ ခု ပါလာတာပါ။ Feeds Tab မှာ Filter အနည်းငယ် ထည့်သွင်းထားပြီး သင်မြင်ချင်တဲ့ အရာတွေကို ရွေးချယ်နိုင်ပါတယ်။ သင့် သူငယ်ချင်းတွေ၊ Group ၊ Page နဲ့ Favorites တွေကို ရွေးချယ် ကြည့်ရှုနိုင်ပါတယ်။ သင် အနှစ်သက်ဆုံး သူငယ်ချင်းတွေနဲ့ Pages တွေကို ပြသပေးတဲ့ List ဖြစ်ပါတယ်။
Home Feed ကိုတော့ Facebook က ရှာဖွေတဲ့ အင်ဂျင် အဖြစ် ပြောင်းလဲထားပြီး Content အသစ်တွေနဲ့ Creator အသစ်တွေကို ရှာဖွေနိုင်၊ Follow လုပ်နိုင်ပါတယ်။ Feeds မှာ သင်နဲ့ ချိတ်ဆက်ထားပြီးသား လူတွေနဲ့ Community တွေကို မြင်ရမှာ ဖြစ်ပါတယ်။ Feeds မှာ “Suggested For You” ပို့စ်တွေကို မပြသပေးတော့ပါဘူး။
Home နဲ့ Feeds Tab အသစ်တွေကို iOS နဲ့ Android ၂ ခုစလုံးက Facebook User တချို့အတွက် စတင် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး User အားလုံးအတွက် နောက်တစ်ပတ်မှာ ရရှိနိုင်ပါတယ်။
အဲဒီ Tabs တွေ ပါတဲ့ Shortcut Bar ဟာ iOS App မှာ အောက်ခြေနဲ့ Android App မှာ ထိပ်ဘက်မှာ ပြသထားပါတယ်။ Shortcut Bar က အဲဒီ Tabs တွေဟာ သင် အသုံးပြုမှု အများဆုံး အပေါ်မူတည်ကာ ပြောင်းလဲသွားမှာပါ။ ဒါပေမယ့် သင်က Shortcut Bar က Tab တွေကို Pin လုပ်ထားနိုင်ပါတယ်။
Ref : gsmarena