ကိုရိုနာဗိုင်းရက်စ် ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးမှာ လူတွေ အိမ်မှာပဲ နေနေကြတဲ့အတွက် ဆေးရုံ၊ ဆေးခန်းတွေသွားပြီး သွေးလှူတာတွေ အရမ်းနည်းပါးသွားပါတယ်။ အခုတော့ Facebook က ကိုရိုနာဗိုင်းရက်စ်ကြောင့် ဆေးရုံတွေမှာ သွေးပြတ်လပ်နေတာကို ကူညီဖို့အတွက် သွေးလှူတဲ့ လုပ်ဆောင်ချက်ကို နိုင်ငံအသစ်တွေမှာ တိုးချဲ့ပြုလုပ်ပေးလိုက်ပါတယ်။

Facebook ဟာ သွေးလှူတဲ့ လုပ်ဆောင်ချက်ကို  Bangladesh, Brazil, India, Pakistan နဲ့ U.S မှာ ဖြန့်ချိပေးပြီးနောက် အခုတော့ Burkina Faso, Côte d’Ivoire, Egypt, Kenya, Senegal နဲ့  South Africa အပါအဝင် တခြား နိုင်ငံတွေအတွက် ပံ့ပိုးပေးလိုက်ပါတယ်။ Facebook က ဒီလုပ်ဆောင်ချက်ဟာ  သွေးပြတ်လပ်နေတဲ့ တည်နေရာတွေကို အလှူရှင်တွေက သိနိုင်တဲ့အတွက် သွေးလှူရတာ အရမ်း အဆင်ပြေစေပါတယ်လို့ ရှင်းပြပါတယ်။ Facebook ဟာ U.S မှာ AABB နဲ့ ပူးပေါင်းပြီး သွေးလှူဘဏ်တွေနဲ့ လူတွေ ချိတ်ဆက်မိအောင် ကူညီပေးနေသလို Brazil နဲ့ India မှာလည်း အလားတူ လုပ်ဆောင်ပေးနေပါတယ်။

Facebook က ၂၀၁၈ ခုနှစ်မှာ သွေးလှူတဲ့ လုပ်ဆောင်ချက်ကို သူ့ လူမှုကွန်ရက်မှာ စတင် ထည့်သွင်းပေးခဲ့ပြီး Bangladesh, India နဲ့  Pakistan တို့အတွက် အရင်ဆုံး ဝန်ဆောင်မှုပေးခဲ့ပါတယ်။ သွေးလှူချင်သူတွေဟာ Facebook မှာ စာရင်းပေးသွင်းထားနိုင်ပြီး အခုအချိန်အထိ စာရင်းပေးသွင်းထားသူ ၁၁ သန်းကျော်ရှိတယ်လို့ သိရပါတယ်။

Ref : wersm