Facebook ကနေ အခုအချိန်မှာ Messaging တွေအတွက် Messenger ကို သီးသန့် App တစ်ခုအနေနဲ့ ထုတ်ပေးထားပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း Instagram Application မှာပါ Facebook Messenger ကို အသုံးပြုနိုင်အောင်ဆောင်ရွက်သွားမယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Instagram အသုံးပြုသူတွေဆီကို Update Notification အသစ်ဝင်ရောက်လာခဲ့ပြီးတော့ Facebook အသုံးပြုနေတဲ့သူတွေကိုပါ Instagram ကနေ Message ပေးပို့နိုင်ပြီဖြစ်ကြောင်းဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်ဘဲ Chat Message တွေအတွက် အရောင်တွေသတ်မှတ်နိုင်တာ၊ Emoji Reaction တွေနဲ့ Message Reply Feature တွေကိုပါ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

တကယ်လို့ အဆိုပါ Feature ကို Update ပြုလုပ်လိုက်မယ်ဆိုရင် Instagram ရဲ့ Direct Message Icon ကနေ Messenger Icon ကို ပြောင်းလဲသွားမှာဖြစ်ပြီး Chat Design ပုံစံကလည်း ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာ Facebook Messenger အသုံးပြုသူတွေဆီကို Message ပေးပို့နိုင်ခြင်းမရှိတဲ့အတွက် စမ်းသပ်နေတုန်းဖြစ်မယ်လို့ ယူဆရပါတယ်။

Facebook ကနေ အခုလိုမျိုး Cross-platform Messaging အတွက် ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ဖူးပြီးတော့ ဒီလိုမျိုး Instagram Direct Message မှာ Facebook Messenger ကို အသုံးပြုနိုင်သလိုမျိုး နောက်ပိုင်းမှာ WhatsApp နဲ့ပါ ချိတ်ဆက်သွားဖွယ်ရှိနေပါတယ်။ ဒါပေမယ့် Facebook ကနေ ကတိပေးခဲ့သလို Messages တွေကို End-to-End Encryption ရရှိဖို့အတွက်ကတော့ အချိန်စောင့်ဆိုင်းဖို့ လိုအပ်ဦးမှာပါ။

Ref – The Verge