Facebook ကို အခုအချိန်မှာ Web Version အပြင် Facebook Lite App မှာလည်း Dark Mode အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ တခြား Facebook ကနေ ပိုင်ဆိုင်တဲ့ App တွေဖြစ်တဲ့ Instagram ၊ WhatsApp တို့မှာလည်း Dark Mode ရရှိနေတာအချိန်တော်တော်ကြာနေပါပြီ။ ဒါပေမယ့်လည်း Facebook Mobile App ကတော့ လက်ရှိအချိန်အထိ Dark Mode ကို Support ပေးနိုင်ခြင်းမရှိသေးပါဘူး။

ဒါပေမယ့်လည်း ဒါက မကြာခင်မှာပြောင်းလဲသွားတော့မှာဖြစ်ပြီး 9to5Google ရဲ့ ဖော်ပြချက်အရ Facebook ဟာ Dark Mode အပြင် Feature ပိုင်းပြောင်းလဲမှုအများအပြားပါဝင်လာမယ့် Update အသစ်ကို နောက်ဆုံးအဆင့်စမ်းသပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီအတွက် လာမယ့်ရက်သတ္တပတ်ပိုင်းအတွင်းမှာ Facebook မှာ Dark Mode ကို အသုံးပြုနိုင်တော့မှာပါ။

ယခုတွေ့ရှိရတဲ့ Stable Facebook Mobile App ရဲ့ Dark Mode ဟာ Twitter လိုမျိုး လုံးဝ Black ဖြစ်သွားတာတော့မဟုတ်ဘဲ Dark Grey အရောင်ဖြစ်သွားပြီးတော့ တချို့သောနေရာတွေမှာ Facebook ရဲ့ အပြာရောင်ပါဝင်နေမှာဖြစ်ပါတယ်။ Dark Mode Setting အနေနဲ့လည်း On ၊ Off အပြင် System Setting ပေါ်မှုတည်ပြီး ပြောင်းလဲနိုင်တဲ့ Setting လည်းပါဝင်ဦးမှာပါ။

နောက်ထပ် Feature တစ်ခုအနေနဲ့ကတော့ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဖြစ်ပွားပျံ့နှံ့နေတဲ့အခြေအနေကို App ထဲမှာပဲ Track လုပ်ပေးနိုင်မယ့် Feature တစ်ခုပါ ပါဝင်လာမှာဖြစ်ပါတယ်။ အဆိုပါ COVID-19 Tracker မှာဆိုရင် တည်ရှိနေတဲ့နေရာပေါ်မှုတည်ပြီး နေ့စဥ်ကူးစက်တဲ့လူဦးရေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ “Your Time on Facebook” Feature ကိုလည်း UI Design ပြောင်းလဲထားမှာဖြစ်ပြီး ပုံမှန် Feature တွေအပြင် Quiet Mode ဆိုပြီး အသစ်ပါဝင်လာမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Facebook ကို Dark Mode နဲ့ အသုံးပြုချင်တဲ့သူတွေအတွက်ကတော့ သတင်းကောင်းကို မကြာခင်ကြားရတော့မှာပါ။

Ref – 9to5Google