Meta ရဲ့ App တွေဟာ ဒီနေ့ (ဒီဇင်ဘာလ ၁၂) နံနက် ၁၂ နာရီခွဲမှာ Down သွားခဲ့ပါတယ်။ The Verge ရဲ့ ဝန်ထမ်းများစွာဟာ Facebook နဲ့ Instagram လို App တွေကို သုံးလို့ မရဘဲ ပို့စ်အဟောင်းတွေကိုပဲ တွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Meta က App တွေကို ပြန်လည် အသုံးပြုနိုင်အောင် ပြုလုပ်ပေးလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

Facebook outage: Social media apps slowly returning

Website တွေ Down တာကို စစ်ဆေးပေးတဲ့ Downdetector မှာ Facebook, WhatsApp, Messenger နဲ့ Instagram ကို လူပေါင်းများစွာ အသုံးမပြုနိုင်ဘူးလို့ ဖော်ပြထားပါတယ်။ Instagram Downdetector Page မှာ ပြဿနာ ဖြစ်တဲ့ Report ၆၆,၀၀၀ ကျော်နဲ့ Facebook မှာ ၈၃,၀၀၀ ကျော် ရှိပါတယ်။

Facebook, Instagram logins restored following reported outage

Meta ဟာ နံနက် ၁ နာရီခွဲမှာ ဒီပြဿနာ ဖြစ်ပွားနေတာကို သိထားတယ်လို့ X မှာ ကြေညာခဲ့ပါတယ်။ နာရီ အနည်းငယ်ကြာပြီးနောက်မှာ ကုမ္ပဏီက အများစုကို ပြင်ဆင်ပြီးပြီလို့ ပြောပါတယ်။

Meta က “ ၉၉ ရာခိုင်နှုန်း ပြင်ဆင်ပြီးပြီ ဖြစ်ပြီး စစ်ဆေးမှု တချို့ ပြုလုပ်နေပါတယ်။ ဒီပြဿနာ ကြုံတွေ့ရတဲ့ လူတွေကို တောင်းပန်ပါတယ်။ “ လို့ ကြေညာခဲ့ပါတယ်။

Meta ဟာ မတ်လကလည်း အလားတူ ပြဿနာ ဖြစ်ပွားခဲ့ပြီး Facebook, Instagram နဲ့ Threads တို့ကို အသုံးပြုလို့ မရခဲ့ပါဘူး။ ၂၀၂၂ ခုနှစ် အောက်တိုဘာလတုန်းကလည်း Facebook နဲ့ Instagram တို့ ကြီးကြီးမားမား Down သွားခဲ့ပါတယ်။

Ref : The Verge