Facebook (Meta) ဟာ Content Creator တွေ ကိုယ့်ရဲ့ ဖန်တီးမှုလက်ရာတွေကို ကိုယ်တိုင် ထိန်းချုပ်နိုင်စေဖို့နဲ့ သူများတွေ ခွင့်ပြုချက်မရှိဘဲ ပြန်ယူသုံးတာ (Re-upload) ကို တားဆီးဖို့အတွက် “Content Protection” ဆိုတဲ့ Feature အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီစနစ်က ကိုယ့်ရဲ့ မူရင်း Reels ဗီဒီယိုနဲ့ တူညီတဲ့အချက်တွေကို Facebook နဲ့ Instagram ပေါ်မှာ အလိုအလျောက် Scan ဖတ်ပြီး ရှာဖွေပေးသွားမှာ ဖြစ်ပါတယ်။

Facebook content protection

ဒီ Feature ကို စတင်အသုံးပြုလိုက်တာနဲ့ ကိုယ်တင်လိုက်တဲ့ Reel တိုင်းကို အလိုအလျောက် ကာကွယ်ပေးမှာဖြစ်သလို၊ အရင်တင်ထားပြီးသား ဗီဒီယိုတွေကိုလည်း Dashboard ကနေတဆင့် ပြန်လည်ရွေးချယ် ကာကွယ်နိုင်ပါတယ်။ တကယ်လို့ တခြားတစ်ယောက်က ကိုယ့်ဗီဒီယိုကို ပြန်တင်ထားတာ တွေ့ရှိခဲ့ရင် Creator အနေနဲ့ ရွေးချယ်စရာ ၃ လမ်း ရှိပါတယ်။ အဲဒါတွေကတော့ – သူများတင်ထားတာကို ခွင့်ပြုပေးပြီး ကိုယ့်ဆီပြန်ညွှန်းတဲ့ Link တပ်ခိုင်းတာ (Track/Attribution)၊ လုံးဝ မမြင်ရအောင် ပိတ်ချလိုက်တာ (Block) သို့မဟုတ် ဘာမှမလုပ်ဘဲ ဒီအတိုင်း လွှတ်ထားပေးလိုက်တာ (Release) တို့ပဲ ဖြစ်ပါတယ်။

Facebook content protection

ဒါပေမယ့် သတိထားရမယ့်အချက်ကတော့ ကိုယ်ပိုင်မဟုတ်တဲ့ ဗီဒီယိုတွေကို လိုက်ပြီး ပိုင်ဆိုင်မှု Claim လုပ်မယ်ဆိုရင် ဒီ Feature သုံးစွဲခွင့် ပိတ်ပင်ခံရနိုင်ပါတယ်။ ဒါ့အပြင် Reaction ဗီဒီယိုတွေနဲ့ Compilation ဗီဒီယိုတွေလိုမျိုး တည်းဖြတ်ပေါင်းစပ်ထားတဲ့ အရာတွေကတော့ ဒီကာကွယ်မှုအောက်မှာ အကျုံးဝင်မှာ မဟုတ်ပါဘူး။

ခြုံပြောရရင် Meta ဟာ ဖန်တီးသူ (Creators) တွေရဲ့ မူရင်းလက်ရာတွေကို ပိုပြီး တန်ဖိုးထားလာစေဖို့နဲ့ သူများ video တွေကို ပြန်တင်ပြီး Popular ဖြစ်နေတဲ့ Aggregator Account တွေကို လျှော့ချဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ မနှစ်က Instagram မှာ Aggregator Account တွေကို Recommend မလုပ်တော့သလိုပဲ၊ အခု Facebook မှာလည်း မူရင်းဖန်တီးသူတွေ ပိုနေရာရလာအောင်နဲ့ ကိုယ့်လက်ရာအတွက် ထိုက်တန်တဲ့ Credit ရလာအောင် ဒီနည်းလမ်းနဲ့ ပံ့ပိုးပေးလိုက်တာပဲ ဖြစ်ပါတယ်။

Ref : social media today