စီပွားရေး လုပ်ငန်းငယ်တွေဟာ ကိုဗစ်ကြောင့် အရမ်းကို အထိနာနေပါတယ်။ အခုတော့ Facebook က အဲဒီ လုပ်ငန်းငယ်တွေ အထိနာတာကို သက်သာအောင် ပြုလုပ်ပေးလိုက်ပါပြီ။ လုပ်ငန်းငယ်တွေ၊ ပညာရှင်တွေဟာ  Facebook Events ကနေ ဝင်ငွေ ရှာနိုင်မယ့် နည်းလမ်း ဖြစ်ပြီး Facebook က အဲဒီ ဝန်ဆောင်မှုအတွက် နောက်နှစ်အထိ အခကြေးငွေ မယူပါဘူး။

အဲဒီ လုပ်ဆောင်ချက်ကို စမ်းသပ်နေပြီး Facebook က Event မှာ ပညာရှင်တွေ အကြံပေးတာ ၊ စာသင်တာ၊ Podcast တွေ ထုတ်လွှင့်တာကနေ လက်ဝှေ့ထိုးတာတွေအထိပါ လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။ Facebook သုံးစွဲသူတွေဟာ နှစ်သက်တဲ့ Event ကို အခကြေးငွေ ပေးပြီး ကြည့်ရှုနိုင်ပါတယ်။ Facebook က လူစိတ်ဝင်စားရင်  အခပေး Events ကို Messenger Rooms မှာပါ ပြုလုပ်ပေးဖို့ စမ်းသပ်နေပါတယ်။

အခပေး Events ကို နိုင်ငံ ၂၀ က Pages တွေအတွက် စတင် ပြုလုပ်ပေးလိုက်ပြီ ဖြစ်ပြီး Facebook က အနည်းဆုံး ၁ နှစ် အထိ အခကြေးငွေ မယူဘဲ ပြုလုပ်ပေးမှာ ဖြစ်တဲ့အတွက် ၂၀၂၁ ခုနှစ် ဩဂုတ်လ မတိုင်ခင်အထိ အခမဲ့ သုံးလို့ရမှာပါ။ အဲဒီ နိုင်ငံ ၂၀ ကို အောက်မှာ လေ့လာပါ။

Australia

Belgium

Brazil

Canada

Czech Republic

France

Germany

Hungary

India

Italy

Mexico

Netherlands

Norway

Poland

Singapore

Spain

Sweden

Ukraine

United Kingdom

United States

Ref : androidpolice