Facebook ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Facebook Messenger ကို Instagram နဲ့ ပူးပေါင်းတော့မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ အခုအချိန်မှာတော့ Facebook Messenger ဟာ ယခင်ကနေ မတူညီတော့ဘဲ Feature အသစ်၊ Design အသစ်တွေအပြင် Logo အသစ်ကိုပါ ရရှိလာပြီဖြစ်ပါတယ်။

အရင်ဆုံးသိသာတဲ့အချက်ကတော့ Logo Design ပဲဖြစ်ပြီး ယခင်တုန်းကလိုမျိုး အပြာရောင်အစား Instagram Logo နဲ့ ပိုပြီးဆင်တူလာမှာဖြစ်ပါတယ်။ အရောင်ပိုင်းပဲ ပြောင်းလဲတာဖြစ်ပြီး ကျန်တဲ့ Logo ပုံစံကတော့ ပြောင်းလဲခြင်းမရှိပါဘူး။

ကျန်တဲ့ပြောင်းလဲမှုတွေအနေနဲ့ လောလောဆယ်မှာ Message React တွေကို Instagram လိုမျိုး စိတ်ကြိုက်ထားနိုင်မှာဖြစ်သလို နောက်ပိုင်းမှာ Pride ၊ Love နဲ့ Tie-dye လိုမျိုး Chat Theme အသစ်တွေ၊ Selfie Sticker အသစ်တွေလည်းရရှိလာမယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Facebook အသုံးပြုသူတွေကိုပါ Instagram ကနေ တစ်ဆင့်ချိတ်ဆက်နိုင်မယ့် Vanish Mode လည်း ပါဝင်လာမှာဖြစ်ပါတယ်။ အဆိုပါ Vanish Mode ဟာ လက်ရှိ Disappearing Message တွေလိုမျိုး အချိန်အကန့်နဲ့ပဲမြင်ရအောင်သတ်မှတ်ထားနိုင်မှာပါ။

Facebook Messenger App ကို Instagram နဲ့ ချိတ်ဆက်ပေးမယ့် Cross-app Communication Feature ကိုတော့ မကြာခင်အချိန်အတွင်းမှာ North America အသုံးပြုသူတွေဆီကို ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ Facebook အသုံးပြုတွေအနေနဲ့ Messenger နဲ့ Instagram သုံးနေတဲ့အချိန်မှာ အချင်းချင်းဆက်သွယ်ဖို့ ပိုပြီးလွယ်ကူသွားတော့မှာဖြစ်ပါတယ်။

Ref – Android Central