Facebook က Messenger မှာ လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းပေးလိုက်ပြီး Voice နဲ့ Video Call တွေမှာ လုံခြုံရေး ပိုကောင်းလာပြီလို့ကြေညာလိုက်ပါတယ်။ Facebook က Messenger ရဲ့ Voice နဲ့ Video Call ကို လူသုံးအရမ်းများလာပြီး ၁ ရက်ကို Video Call ပေါင်း သန်း ၁၅၀ ကျော်ရှိတယ်လို့ ပြောပါတယ်။

Facebook Messenger updated with end-to-end encrypted voice and video calls

အခုဆိုရင် Voice နဲ့ Video Call ၂ ခုစလုံးမှာ End-to-end Encrypted Option ပါလာပြီ ဖြစ်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကို Default အနေနဲ့ On ပေးထားမှာ မဟုတ်ဘဲ User က ရွေးချယ် အသုံးပြုရမှာပါ။ သင်နဲ့ ဖုန်းပြောတဲ့ သူကလည်း အဲဒီ လုပ်ဆောင်ချက်ကို  On ထားမှသာ ၂ ယောက်စလုံးအတွက် ဒီလုပ်ဆောင်ချက်က အလုပ်လုပ်မှာပါ။

Facebook Messenger updated with end-to-end encrypted voice and video calls

Disappearing Message တွေမှာလည်း ထိန်းချုပ်မှု အသစ်တွေ ထည့်သွင်းပေးလိုက်ပြီး User တွေက Message ပျောက်သွားတဲ့ အချိန်ကို ၅ စက္ကန့်ကနေ ၂၄ နာရီအထိ ရွေးချယ်နိုင်ပါပြီ။

Messenger မှာ Group Chat အတွက် End-to-end Encryption ကို စတင် စမ်းသပ်နေပြီ ဖြစ်ပါတယ်။ Delivery Control လုပ်ဆောင်ချက် အသစ် ပါလာပြီး သင့်ထံ Message မပို့နိုင်တဲ့ လူတွေကို သတ်မှတ်နိုင်လာပါပြီ။

Facebook က Instagram ရဲ့ One-on-one Chat တွေမှာလည်း End-to-end Encryption ကို နိုင်ငံတချို့မှာ စတင် စမ်းသပ်နေပြီ ဖြစ်ပြီး Default အနေနဲ့ On ပေးထားတာ မဟုတ်ဘဲ User က အဲဒီ Option ကို ရွေးချယ် အသုံးပြုနိင်ပါတယ်။

Ref : gsmarena