[Zawgyi]

Facebook ဟာ Messenger ကို ဒီဇိုင္းသစ္နဲ႔ ျပန္လည္ျပဳျပင္မြမ္းမံေနခဲ့တာ ၾကာပါၿပီ။ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ေမလတုန္းက F8 developer conference တုန္းကလည္း ေၾကညာခဲ့ဖူးပါေသးတယ္။ ဒီၾကားကာလမွာေတာ့ တစ္ျဖည္းျဖည္းနဲ႔ ဒီဇိုင္းသစ္ကို ကန႔္သတ္ခ်က္အခ်ိဳ႕နဲ႔ ထုတ္ေပးခဲ့ပါေသးတယ္။

ၿပီးခဲ့တဲ့ ရက္တုန္းက App Store နဲ႔ Google Play Store ႏွစ္ခုလုံးမွာ Facebook Messenger ေတြရဲ႕ ဒီဇိုင္းသစ္နဲ႔ App ကို ေတြ႕ျမင္ခဲ့ရေၾကာင္း The Verge က ေရးသား ေဖာ္ျပခဲ့ပါတယ္။ ဒါေၾကာင့္ Interface အသစ္နဲ႔ Messenger ကို ကမာၻတစ္ဝန္းလုံးက အသုံးျပဳသူေတြအတြက္ စတင္ျဖန႔္ေဝေပးေနၿပီလို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။

Facebook က ဒီဇိုင္းသစ္နဲ႔ Messenger ကို အခုလို တရားဝင္ ျဖန႔္ခ်ိလိုက္ေပမယ့္ Messenger အသုံးျပဳေနသူ အမ်ားစုကေတာ့ သိပ္ၿပီးသတိထားမိၾကဟန္ မရွိခဲ့ၾကပါဘူး။ Messenger Update version ဟာ ဇန္နဝါရီလ ၁၈ ရက္ေနတုန္းက တင္ေပးခဲ့တာကို ေတြ႕ရပါတယ္။ ေနာက္ထပ္ Update ေတြလည္း တျဖည္းျဖည္း ထပ္ေပးသြားဦးမွာပါ။

ဒီ Update မွာ Call history နဲ႔ Missed call ေတြကို တစ္ေနရာတည္းမွာ ေတြ႕ျမင္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ Interface ကေတာ့ သိသိသာသာကို ေျပာင္းလဲသြားတာျဖစ္ၿပီး ေနာက္ခံကလည္း အျဖဴသက္သက္နဲ႔ ရွင္းရွင္းလင္းလင္း ျဖစ္သြားပါတယ္။ Chat client က ႐ိုးရွင္းသြားၿပီး အသုံးျပဳရ ပိုမိုလြယ္ကူလာတာကို ေတြ႕ရပါတယ္။

Facebook ဟာ Messenger နဲ႔ပတ္သက္ၿပီး ျပဳျပင္ေျပာင္းလဲမႈေတြ အေတာ္မ်ားမ်ားကို လုပ္ေနတာ ျဖစ္ပါတယ္။ Facebook က ေထာက္ပံ့ေပးထားတဲ့ Feature ေတြထဲမွာမွ လူအမ်ားဆုံး စိတ္ဝင္တစားေစာင့္ဆိုင္းေနတာကေတာ့ Unsend Feature ပဲ ျဖစ္ပါတယ္။ ဒီ Feature ဟာ လက္ရွိအခ်ိန္မွာ Poland, Bolivia, Colombia နဲ႔ Lithuania တို႔မွာပဲ သုံးစြဲခြင့္ေပးထားေသးတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ၂၀၁၉ ရဲ႕ Update သစ္ေတြနဲ႔အတူ မၾကာခင္အခ်ိန္အတြင္း ကမာၻတစ္ဝန္းက Messenger အသုံးျပဳသူေတြကို ေထာက္ပံ့ေပးလာေတာ့မယ္လို႔ ယူဆရပါတယ္။

Ref: The Verge

[Unicode]

ဒီဇိုင်းသစ်နဲ့ Messenger ကို ကမ္ဘာတစ်ဝန်းလုံးဆီ ဖြန့်ဝေနေတဲ့ Facebook

Facebook ဟာ Messenger ကို ဒီဇိုင်းသစ်နဲ့ ပြန်လည်ပြုပြင်မွမ်းမံနေခဲ့တာ ကြာပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မေလတုန်းက F8 developer conference တုန်းကလည်း ကြေညာခဲ့ဖူးပါသေးတယ်။ ဒီကြားကာလမှာတော့ တစ်ဖြည်းဖြည်းနဲ့ ဒီဇိုင်းသစ်ကို ကန့်သတ်ချက်အချို့နဲ့ ထုတ်ပေးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ရက်တုန်းက App Store နဲ့ Google Play Store နှစ်ခုလုံးမှာ Facebook Messenger တွေရဲ့ ဒီဇိုင်းသစ်နဲ့ App ကို တွေ့မြင်ခဲ့ရကြောင်း The Verge က ရေးသား ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် Interface အသစ်နဲ့ Messenger ကို ကမ္ဘာတစ်ဝန်းလုံးက အသုံးပြုသူတွေအတွက် စတင်ဖြန့်ဝေပေးနေပြီလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Facebook က ဒီဇိုင်းသစ်နဲ့ Messenger ကို အခုလို တရားဝင် ဖြန့်ချိလိုက်ပေမယ့် Messenger အသုံးပြုနေသူ အများစုကတော့ သိပ်ပြီးသတိထားမိကြဟန် မရှိခဲ့ကြပါဘူး။ Messenger Update version ဟာ ဇန်နဝါရီလ ၁၈ ရက်နေတုန်းက တင်ပေးခဲ့တာကို တွေ့ရပါတယ်။ နောက်ထပ် Update တွေလည်း တဖြည်းဖြည်း ထပ်ပေးသွားဦးမှာပါ။

ဒီ Update မှာ Call history နဲ့ Missed call တွေကို တစ်နေရာတည်းမှာ တွေ့မြင်နိုင်တော့မှာ ဖြစ်ပါတယ်။ Interface ကတော့ သိသိသာသာကို ပြောင်းလဲသွားတာဖြစ်ပြီး နောက်ခံကလည်း အဖြူသက်သက်နဲ့ ရှင်းရှင်းလင်းလင်း ဖြစ်သွားပါတယ်။ Chat client က ရိုးရှင်းသွားပြီး အသုံးပြုရ ပိုမိုလွယ်ကူလာတာကို တွေ့ရပါတယ်။

Facebook ဟာ Messenger နဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ အတော်များများကို လုပ်နေတာ ဖြစ်ပါတယ်။ Facebook က ထောက်ပံ့ပေးထားတဲ့ Feature တွေထဲမှာမှ လူအများဆုံး စိတ်ဝင်တစားစောင့်ဆိုင်းနေတာကတော့ Unsend Feature ပဲ ဖြစ်ပါတယ်။ ဒီ Feature ဟာ လက်ရှိအချိန်မှာ Poland, Bolivia, Colombia နဲ့ Lithuania တို့မှာပဲ သုံးစွဲခွင့်ပေးထားသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၉ ရဲ့ Update သစ်တွေနဲ့အတူ မကြာခင်အချိန်အတွင်း ကမ္ဘာတစ်ဝန်းက Messenger အသုံးပြုသူတွေကို ထောက်ပံ့ပေးလာတော့မယ်လို့ ယူဆရပါတယ်။

Ref: The Verge