Facebook ဟာ Website ကနေအသုံးပြုသူတွေအတွက် Dark Mode ပါဝင်တဲ့ Web Design အသစ်ကို မိတ်ဆက်ခဲ့တာ ပြီးခဲ့တဲ့နှစ်တုန်းကဖြစ်ပြီး အခုဆိုရင်လူတိုင်းကို အသုံးပြုခွင့်ပေးခဲ့တာ လပိုင်းခန့်ရှိနေပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ ယခင် Classic Design ကိုလာမယ့် စက်တင်ဘာလကနေ စတင်ပြီးတော့ ရပ်ဆိုင်းသွားတော့မယ်လို့ ကြေညာခဲ့ပါတယ်။

Facebook ရဲ့ Web Design အသစ်ဟာ Dark Mode ရရှိလာတာတင်မဟုတ်ဘဲ Mobile View ပုံစံနဲ့ ပိုဆင်တူသွားတာလည်းဖြစ်ပါတယ်။ ယခင် Classic Design ဟာ Facebook Page တွေနဲ့ တချို့သော Feature တွေအတွက်တော့ ပိုပြီး Optimized ဖြစ်နေတဲ့အတွက် Design အသစ်အစား Classic Design ကိုပဲ အသုံးပြုနေသူတွေ အများအပြားရှိနေသေးတယ်လို့ သိရပါတယ်။

Facebook ကတော့ Classic Web Design ဟာ စက်တင်ဘာလမှာ ပျောက်ကွယ်သွားတော့မယ်ဆိုတာကို အသုံးပြုသူတွေကို အသိပေးနေပြီဖြစ်ပေမယ့် ဘယ်အချိန်ဖြစ်မလဲဆိုတာကိုတော့ အတိအကျဖော်ပြခဲ့ခြင်းမရှိပါဘူး။ Classic Design ကို အသုံးပြုနေတဲ့သူတွေကိုလည်း ဘာကြောင့် အဟောင်းကိုပဲ အသုံးပြုနေသလဲဆိုတာကို Feedback တွေစတင်ကောက်ယူနေတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Facebook ကို Website ကနေ အသုံးပြုနေတဲ့သူတွေအတွက်ကတေ့ာ Web Design အသစ်ကလွဲပြီး နောက်ပိုင်းမှာ ရွေးချယ်စရာရှိမှာ မဟုတ်တော့ပါဘူး။ Classic Design မရှိတော့တဲ့အတွက် Facebook ကနေ Web Design အသစ်အတွက် Feature အသစ်တွေထပ်မံထည့်သွင်းလာမယ်လို့ ယူဆရပါတယ်။

Ref – The Verge