Facebook က Mobile App ရဲ့ Settings Page ဒီဇိုင်းကို ဆန်းသစ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စတင် ပြောင်းလဲလိုက်တာ ဖြစ်ပြီး ဒီဇိုင်း အသစ်ဟာ ပိုမို ရိုးရှင်းလာပြီး ရှုပ်ထွေးမှုတွေ နည်းသွားပါတယ်။ သီးခြား Settings တွေထဲမှာ Descriptions တွေ ဖယ်ရှားလိုက်တဲ့အတွက် Page မှာ သတင်းအချက်အလက်တွေကို ပိုမိုမြင်လာရပါတယ်။

Facebook က Settings တွေ ဖွဲ့စည်းပုံကိုလည်း ပြောင်းလဲထားပါတယ်။ ကုမ္ပဏီဟာ Settings Categories အရေအတွက်ကို လျှော့ချထားပြီး Settings နာမည်တွေကိုလည်း ပြင်ဆင်ထားတယ်လို့ Facebook ရဲ့ Blog ပို့စ် တစ်ခုမှာ ရေးသားထားပါတယ်။ အခုဆိုရင် Account, Preferences, Audience and Visibility, Permissions, Your Information နဲ့ Community Standards and Legal Policies စတဲ့ Settings  Categories ၆ ခုကို ပြသထားပါတယ်။ တချို့ Settings တွေကို ပိုမို သက်ဆိုင်တဲ့ နေရာတွေဆီပြောင်းလဲထားတယ်လို့ Facebook က ပြောပါတယ်။

Settings icon

Facebook က Users တွေ အသုံးပြုလို့ပိုကောင်းအောင် အမြဲတမ်း ကြိုးစားပေးနေပြီး အခုလည်း Users တွေ Facebook Settings Page က Tools တွေကို အရင်ကထက် ပိုလွယ်ကူစွာ ရှာဖွေနိုင်အောင် ဒီဇိုင်းပြောင်းလဲပေးလိုက်ပါတယ်လို့ ရေးသားထားပါတယ်။ အရင်က Settings တွေကို ပြန်ထည့်သွင်းပေးထားပြီး အပြောင်းအလဲ ပြုလုပ်ပေးလိုက်တာပါ။

Settings ဒီဇိုင်း အသစ်ကို Android, iOS , Mobile Web နဲ့ Facebook Lite တို့မှာ တွေ့မြင်နိုင်ပြီ ဖြစ်ပါတယ်။ Facebook က ဒီ Settings ဒီဇိုင်းအသစ်ကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချိပေးနေတဲ့အတွက် သင့် Devices မှာ မရသေးရင် အချိန်အနည်းငယ် စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

Ref : theverge