Facebook ဟာ Snapchat ရဲ့ Stories လုပ်ဆောင်ချက်ကို သူ့ရဲ့ လူမှုကွန်ရက်တွေ ဖြစ်တဲ့ Facebook နဲ့ Instagram တို့မှာ တုပထည့်သွင်းခဲ့ပါတယ်။ အခုတော့ Facebook ဟာ Instagram Stories တွေကို Facebook News Feed မှာ အလိုလို မျှဝေတာကို စမ်းသပ်နေပါပြီ။ လက်ရှိမှာ Facebook ဟာ Instagram Stories တွေကို Facebook မှာ မျှဝေခွင့်ပြုထားပေမယ့် Manual လုပ်ရတာ ဖြစ်ပါတယ်။ User တွေက Facebook မှာ မျှဝေချင်တဲ့ Instagram Stories တွေကို ရွေးချယ်ပေးရတာ အလုပ်ရှုပ်ပါတယ်။ အခုတော့ အလိုလို မျှဝေနိုင်တော့မှာပါ။

Facebook က အဲဒီ စမ်းသပ်မှုကို အတည်ပြုလိုက်ပြီ ဖြစ်ပြီး Instagram ရော၊ Facebook ပါ သုံးသူတွေအတွက် အဆင်ပြေသွားမှာပါ။ Stories တွေကို Facebook မှာထက် Instagram မှာ အသုံးပိုများကြပါတယ်။ Facebook မှာ သိပ်မအောင်မြင်တဲ့ Stories ကို Instagram Stories တွေနဲ့ အောင်မြင်အောင် ပြုလုပ်ချင်နေပုံရပါတယ်။ Instagram ကနေ Facebook မှာ မျှဝေတဲ့ Stories တွေကို အမှတ်အသား ပြုလုပ်ပေးထားမှာပါ။

Instagram မှာ သင့်ကို Follow လုပ်ထားပြီး Instagram နဲ့ Facebook အကောင့်ကို ချိတ်ဆက်ထားသူတွေသာ သင့်ရဲ့ Stories တွေကို မြင်ရမယ်လို့ Facebook က ပြောပါတယ်။ ဒီလို မြင်ရစေတဲ့ Option ကိုလည်း ရွေးချယ်ခွင့်ပေးထားမှာပါ။

Facebook ဟာ သူပိုင်တဲ့ လူမှုကွန်ရက် ၃ ခု ဖြစ်တဲ့ Facebook , Instagram နဲ့ WhatsApp တို့ကို ပေါင်းစည်းဖို့ ကြိုးစားနေပါတယ်။ မကြာခင်ကပဲ Facebook Messenger နဲ့ Instagram တို့ရဲ့ Chat ကို ပေါင်းစည်းခဲ့ပါတယ်။ မကြာခင်မှာ WhatsApp လည်း ပါလာမယ်လို့ ထင်ပါတယ်။

Ref : tnw