Facebook ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက Messenger Rooms ဆိုပြီး Zoom လိုမျိုး Video Conferencing ပြုလုပ်နိုင်တဲ့ Feature တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း Messenger Rooms အတွက် Feature အသစ်တစ်ခုကို မိတ်ဆက်သွားတော့မှာပါ။

အဆိုပါ Feature အသစ်ကတော့ Messenger Rooms ကနေ Live Broadcast ပြုလုပ်နိုင်တော့မှာပဲဖြစ်ပါတယ်။ ဒါက Online Livestreaming Event တွေပြုလုပ်မှုများပြားလာတဲ့အချိန်မှာ အသုံးဝင်တဲ့ Feature တစ်ခုဖြစ်လာမှာပါ။

လက်ရှိအချိန်မှာ Live Broadcast Feature ကို Google Meet လိုမျိုး Service တွေက Support ပေးနေပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ အခု Facebook ကနေ ပြုလုပ်တာဖြစ်တဲ့အတွက် Live Broadcast ပြုလုပ်တဲ့အချိန်မှာ နှစ်သက်ရာ Facebook Page ၊ Profile ဒါမှမဟုတ် Group တွေမှာ အလွယ်တကူပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အဆိုပါ Feature မှာ ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ Follower တွေကိုပါ ပါဝင်ခိုင်းနိုင်ဦးမှာဖြစ်ပြီး စုစုပေါင်းလူအယောက် ၅၀ အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး Messenger Rooms ရဲ့ Live Broadcast Feature Update ဟာ Facebook ကနေ ယခင်တုန်းက ပြောကြားခဲ့ဖူးတဲ့ Live Streaming ပိုင်းကို ၂ ဆလောက်ပိုအားစိုက်သွားမယ်ဆိုတဲ့သတင်းနောက်ပိုင်းမှာ အရင်ဆုံးထွက်ရှိလာတာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း Facebook ကနေ Streamer တွေနဲ့ Influencer တွေကို Live Stream တွေကနေတစ်ဆင့် Product တွေရောင်းချသွားနိုင်အောင် ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

Ref – Engadget