ရောင်းအား အဆိုးရွားဆုံး ထိုးကျမှုတွေနဲ့ အရည်အသွေးဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရတဲ့ Tesla ဟာ Cybertruck ရဲ့ ဝယ်လိုအားကို မြှင့်တင်ဖို့အတွက် ကြီးမားတဲ့ စီမံကိန်းတစ်ခုကို ပြုလုပ်လာပါတယ်။ အဲဒါကတော့ လက်ရှိ Tesla ကားပိုင်ရှင်တွေ Cybertruck ဝယ်ယူပါက ဒေါ်လာ ၁၂,၀၀၀ တန်ဖိုးရှိတဲ့ Full Self-Driving (FSD) ဆော့ဖ်ဝဲကို အခမဲ့ သုံးစွဲခွင့် ပေးတာပဲ ဖြစ်ပါတယ်။

Tesla CEO Elon Musk donates fleet of Cybertrucks to assist in L.A. wildfires

ဒီလို လူကြိုက်များတဲ့ feature ကို Cybertruck အတွက် အမြဲတမ်း သုံးခွင့်ပေးတာဟာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပြီး၊ ယခင်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ရောင်းအား ၅၀.၈% အထိ ထိုးကျသွားချိန်မှာ ကုမ္ပဏီအနေနဲ့ အတော်လေး အကျပ်ရိုက်နေပြီဆိုတာကို ပြသနေပါတယ်။

Elon Musk delivers first Tesla Cybertrucks - Los Angeles Times

Tesla ဟာ ဈေးအကြီးအကျယ်လျှော့ချတာတွေ၊ Supercharging အခမဲ့ပေးတာတွေလိုမျိုး တခြားအရောင်းမြှင့်တင်ရေး အစီအစဉ်တွေ လုပ်ဆောင်နေပေမယ့်၊ အလွန်အမြတ်အစွန်းများတဲ့ FSD ဆော့ဖ်ဝဲကို စတေးလိုက်ခြင်းအားဖြင့် အမြင်နှစ်ခြမ်းကွဲနေပြီး စွမ်းဆောင်ရည်ညံ့ဖျင်းတဲ့ ဒီလျှပ်စစ် ကားကို ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ လေ့လာသုံးသပ်သူတွေက မေးခွန်းထုတ်နေကြပါတယ်။

Ref : Fossbytes