ဆိုဗီယက် ခေတ်က အာကာသယာဉ်ဟာ အာကာသမှာ ၅၃ နှစ်ကြာ စူးစမ်းလေ့လာမှု ပြုလုပ်ပြီးနောက် မေလ ၁၀ ရက်နေ့မှာ ကမ္ဘာမြေပေါ်ကို ပျက်ကျခဲ့ပါတယ်။
Kosmos 482 အာကာသယာဉ်ကို ၁၉၇၂ ခုနှစ်မှာ ဆိုဗီယက် ယူနီယံက အာကာသကို လွှတ်တင်ခဲ့ပြီး ၂၀၂၅ ခုနှစ် မေလ ၁၀ ရက်နေ့မှာ ကမ္ဘာကို ပျက်ကျခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ ရဲ့ အနောက်ဘက် အိန္ဒိယ ပင်လယ်ထဲကို ပျက်ကျခဲ့တာဖြစ်ပါတယ်။ အဲဒီ အာကာသယာဉ်ဟာ သောကြာဂြိုလ်ကို စူးစမ်းလေ့လာဖို့ တည်ဆောက်ခဲ့တာဖြစ်ပြီး လွှတ်တင်ပြီး သိပ်မကြာခင်မှာ ဒုံးပျံ ပြဿနာဖြစ်လို့ ကမ္ဘာပတ်လမ်းကြောင်းထဲမှာ သောင်တင်နေခဲ့တာ ဖြစ်ပါတယ်။
အလွန်မြင့်မားတဲ့ အပူချိန်နဲ့ သောကြာဂြိုလ်ရဲ့ လေထုဖိအားကို ခံနိုင်ဖို့ တည်ဆောက်ထားတာ ဖြစ်ပြီး အလေးချိန်က ၁,၁၉၀ ပေါင် ရှိပါတယ်။
ဒီဖြစ်ရပ်ဟာ အာကာသမှာ အာကာသယာဉ်တွေရဲ့ အပျက်အဆီး အပိုင်းအစတွေ များပြားလာတာကို သတိပြုလာမိကြပါတယ်။ ဥရောပ အာကာသ အေဂျင်စီက ကြီးမားတဲ့ အပျက်အဆီး ၃ ခုလောက်ဟာ နေ့စဉ် ကမ္ဘာကို ပြုတ်ကျလာတယ်လို့ ပြောပါတယ်။ အာကာသကို လွှတ်တင်တဲ့ ဂြိုလ်တုတွေ များပြားလာတာနဲ့အမျှ ဒီအရေအတွက်ဟာ တိုးပွားလာမှာ ဖြစ်ပါတယ်။
Ref : From Quarks to Quasars