အလိုအလျှောက်မောင်နှင်တဲ့ ကားတွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အိပ်မက်လို ဖြစ်ခဲ့ပေမယ့် အခုတော့ တကယ် ဖြစ်လာပါပြီ။ အခုအချိန်က တခြား ပစ္စည်းတွေကိုလည်း အလိုအလျှောက် အလုပ်လုပ်နိုင်အောင် အာရုံစိုက်ရမယ့် အချိန် ဖြစ်ပါတယ်။

အလိုအလျှောက် အလုပ်လုပ်တဲ့ ထီး ပေါ်လာမယ်ဆိုရင် ဒါဟာ ပျော်စရာကောင်းပြီး ထူးခြားဆန်းသစ်စေမှာ ဖြစ်ပါတယ်။ မိုးရွာထဲမှာ သင့်နောက်  တကောက်ကောက်လိုက်ပြီး အလိုအလျှောက် မိုးပေးမယ့် ထီးဟာ တကယ်မိုက်မှာပါ။ အခုတော့ အဲဒီထီး တကယ် ပေါ်လာပါပြီ။

နာမည်ကြီး မျက်လှည့်ပညာရှင် Moulla နဲ့ Augmented Magic မှ သူ့ အဖွဲ့က Dronebrella ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ Drone ထီးဟာ လက်နဲ့ ကိုင်စရာ မလိုဘဲ သင့်နောက် တကောက်ကောက်လိုက်ကာ မိုးပေးမှာ ဖြစ်ပါတယ်။ အဲဒီထီးကို Mobile App နဲ့ ထိန်းချုပ်နိုင်ပြီး Automatic “Follow Me” Mode နဲ့ တခြား ဖန်ရှင်တွေ ပါပါတယ်။

ကင်မရာနဲ့ အဆင့်မြင့် AI နည်းပညာ ထည့်သွင်းထားပြီး Dronebrella ဟာ လူကို ခြေရာခံနိုင်ကာ လမ်းလျှောက်တဲ့နောက်ကို တကောက်ကောက်လိုက်နိုင်ပါတယ်။ နေပူ ၊ မိုးရွာချိန်မှာ အလွန် အသုံးဝင်ပါတယ်။ ထီးဟာ လူနဲ့ ဘေးကင်းတဲ့ အကွာအဝေးမှာ ပျံသန်းမှာ ဖြစ်တဲ့အတွက် စိတ်ချရပါတယ်။ ဒီတီထွင်မှုဟာ လူတွေရဲ့ နေ့စဉ်လူနေမှုဘဝကို အကျိုးများစွာ ရှိစေမှာ သေချာပါတယ်။

Ref : Tech Explorers