Samsung ဟာ ပုံမှန်အားဖြင့် တစ်နှစ်ကို ၂ ကြိမ်ခန့် Flagship Series စမတ်ဖုန်းတွေ မိတ်ဆက်နေကြဖြစ်ပါတယ်။ ဒါက နှစ်အစောပိုင်းမှာ Galaxy S Series နဲ့ နှစ်ဝက်နောက်ပိုင်းမှာ Galaxy Note Series ဆိုပြီး မိတ်ဆက်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ယခုနှစ်မှာတော့ Samsung ကနေ Galaxy Note Series အစား Galaxy Z Fold 3 နဲ့ Z Flip 3 ဖုန်းတွေကိုပဲ မိတ်ဆက်ဖို့စီစဥ်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Galaxy Note Series ဖုန်းကို မိတ်ဆက်မှာမဟုတ်တော့သလို နောက်ပိုင်းမှာလည်း Foldable ဖုန်းတွေနဲ့ပဲ အစားထိုးသွားမှာဖြစ်ပါတယ်။

Samsung အနေနဲ့ အခုလိုမျိုးပြောင်းလဲလိုက်တဲ့အပေါ်ကို Samsung Fan တွေကတော့ ကြိုက်နှစ်သက်ပုံမရပါဘူး။ ဘာကြောင့်လဲဆိုရင် SamMobile Forum ကနေတစ်ဆင့် Samsung အနေနဲ့ လာမယ့်နှစ်မှာ Galaxy S Series ဖုန်းအစား Galaxy Note Series ဖုန်းကိုပဲ မိတ်ဆက်ဖို့ တောင်းခံလွှာ Petition ကို ပြုလုပ်နေတာကြောင့်ဖြစ်ပါတယ်။

အဆိုပါ Petition ဟာ ယခုအချိန်မှာ အောင်မြင်နေတယ်လို့တောင် ပြောနိုင်ပြီးတော့ လူအယောက် ၂ သောင်းနီးပါးက Galaxy S22 ဖုန်းအစား Galaxy Note Series ဖုန်းကိုပဲ မိတ်ဆက်စေချင်နေတာကိုတွေ့ရပါတယ်။ အခုလိုမျိုးပဲ ပြီးခဲ့တဲ့နှစ်အစောပိုင်းတုန်းကလည်း Samsung ကို Exynos Chipset ကို Flagship ဖုန်းတွေမှာ အသုံးပြုမှုကို ရပ်ဆိုင်းပေးဖို့တောင်းဆိုခဲ့ဖူးပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ Galaxy S22 ဖုန်းအစား Galaxy Note Series ဖုန်းကို မိတ်ဆက်ဖို့ကတော့ ဖြစ်နိုင်ခြေနည်းပါးနေပေမယ့် လာမယ့်နှစ်တွေမှာ Galaxy Note Series ဖုန်းကို ပြန်လည်မိတ်ဆက်လာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Galaxy S Series နဲ့ Foldable ဖုန်းတွေမှာ S Pen Support ရရှိတာကပဲ ကြီးမားတဲ့ပြောင်းလဲမှုဖြစ်နေဦးမှာပါ။

Ref – Android Authority