Elon Musk ဟာ တခြား ဂြိုလ်တွေမှာ လူသားတွေ အခြေချနေထိုင်နိုင်ဖို့ ရည်မှန်းထားသူ ဖြစ်ပါတယ်။ အခုတော့ Musk ဟာ အင်္ဂါဂြိုလ်ကို လူသားတွေ နယ်ချဲ့ဖို့အတွက် သူ့ရဲ့ သုတ်ပိုးကို သိပ္ပံပညာရှင်တွေကို လှူဒါန်းဖို့ ကမ်းလှမ်းထားတယ်လို့ သတင်းထွက်လာပါတယ်။

The New York Times က ရထားတဲ့ စာရွက်စာတမ်းအရ Musk ဟာ အင်္ဂါဂြိုလ်မှာ မြို့ တည်ဆောက်ဖို့အတွက် စီမံကိန်းတွေ ရေးဆွဲဖို့ သူ့ အဖွဲံကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အင်္ဂါဂြိုလ်မှာ လူသားတွေ အသက်ရှင်နေနိုင်မယ့် အာကာသ ဝတ်စုံကို ဖန်တီးပေးဖို့လည်း ပြောထားပါတယ်။ အင်္ဂါဂြိုလ်မှာ လူသားတွေ မျိုးပွားနိုင်သလားဆိုတာကို သုတေသနပြုလုပ်ဖို့ ဆေးသိပ္ပံအဖွဲ့ကို ညွှန်ကြားထားပြီး အဲဒီ သုတေသနအတွက် Musk က သူ့ရဲ့ သုတ်ပိုးကို အသုံးပြုဖို့ ကမ်းလှမ်းထားပါတယ်။

Musk ဟာ လက်ရှိမှာ ကလေး ၁၂ ရဲ့ ဖခင် ဖြစ်ပါတယ်။ ပထမ မိန်းမ Justine Wilson နဲ့ ကလေး ၆ ယောက်ရခဲ့ပြီး ၁ ယောက်ကတော့ သေဆုံးသွားပါတယ်။ အရင် ရည်းစား Grimes နဲ့ ကလေး ၃ ယောက်၊ Neuralink အရာရှိ Shivon Zilis နဲ့ ကလေး ၃ ယောက် ရထားပါတယ်။ ဒါတောင် သူက မကျေနပ်သေးဘဲ အင်္ဂါဂြိုလ်မှာ သူ့ ကလေးတွေ မွေးဖွားဖို့ ကြိုးစားနေပါတယ်။

Musk ဟာ အရင်က လာမယ့်နှစ် ၄၀ နဲ့ ၁၀၀ အတွင်း အင်္ဂါဂြိုလ်ကို လူသားတွေ နယ်ချဲ့နိုင်မယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ Musk ဟာ လာမယ့် နှစ် ၂၀ အတွင်း အင်္ဂါဂြိုလ်မှာ လူ ၁ သန်း အခြေချနေထိုင်ဖို့ ရည်မှန်းထားတယ်လို့ သတင်းထွက်လာပါတယ်။

Ref : thedailybeast