အမေရိကန် ဆက်သွယ်ရေး ကော်မရှင် (FCC) က ရုရှား ဆိုက်ဘာ လုံခြုံရေး ကုမ္ပဏီ Kaspersky Lab ကို နိုင်ငံအတွက် အန္တရာယ်ရှိတဲ့ စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။ FCC ဟာ အရင်က Huawei နဲ့ ZTE တို့လို တရုတ် ကုမ္ပဏီတွေကို အဲဒီစာရင်းထဲ ထည့်သွင်းထားတာ ဖြစ်ပြီး ပထမဆုံး အနေနဲ့ ရုရှား ကုမ္ပဏီ ပါဝင်လာတာ ဖြစ်ပါတယ်။

International Brands In Poland

FCC က Kaspersky အပြင် China Telecom နဲ့ China Mobile International USA တို့ကိုလည်း ပြီးခဲ့တဲ့ သောကြာနေ့က အဲဒီ စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

Kaspersky Lab names new General Manager for Japan - Asia Pacific Security Magazine

FCC ရဲ့ အတွင်းရေးမှူး Jessica Rosenworcel က “ China Mobile နဲ့ China Telecom တို့ကို နိုင်ငံအတွက် အန္တရာယ်ရှိတဲ့ စာရင်းထဲ ထည့်သွင်းလိုက်တဲ့ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံ လုံခြုံရေး အေဂျင်စီတွေက သဘောတူတဲ့အတွက် ဝမ်းသာကျေနပ်မိပါတယ်။ ဒါ့အပြင် Kaspersky ကိုပါ ထည့်သွင်းလိုက်တဲ့အတွက် တရုတ်နဲ့ ရုရှားတို့ရဲ့ အန္တရာယ်ကနေ အမေရိကန် လူမျိုးတွေကို ကာကွယ်ပေးနိုင်မှာပါ။ “ လို့ ပြောပါတယ်။

Kaspersky က “ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့ နိုင်ငံရေး ပြဿနာ အပေါ်မှာ ဒီဆုံးဖြတ်ချက်ကို ပြုလုပ်လိုက်တာပါ။ Kaspersky ဟာ FCC ရဲ့ စိုးရိမ်ပူပန်မှုကို ဖြေရှင်းဖို့ အမေရိကန် အစိုးရ အေဂျင်စီတွေနဲ့ အချိန်မရွေး ပူးပေါင်းမှာ ဖြစ်ပါတယ်။ “ လို့ တုန့်ပြန်လိုက်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရုရှား ထောက်လှမ်းရေးဟာ Kaspersky ရဲ့ Antivirus Software ကို သုံးကာ အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီရဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေကို ခိုးယူခဲ့တယ်လို့ သတင်းထွက်ခဲ့ပြီး Kaspersky ကတော့ ငြင်းဆိုခဲ့ပါတယ်။ အဲဒီနှစ်နှောင်းပိုင်းမှာ သမ္မတဟောင်း ဒေါ်လ်နယ်ထရမ့်က Kaspersky ဟာ ကရင်မလင် (Kremlin) နဲ့ ပတ်သက်နေတယ်ဆိုကာ Kaspersky ရဲ့ ထုတ်ကုန် အားလုံးကို အစိုးရ အေဂျင်စီတွေ မသုံးဖို့ ပိတ်ပင်ခဲ့ပါတယ်။

Ref : theverge