Xiaomi 12 Series ကို ကြေညာထားတာ ၃ လ ရှိပြီ ဖြစ်ပေမယ့် မိတ်ဆက်ဖို့ ကျန်နေသေးတဲ့ မော်ဒယ်တွေ ရှိနေပါသေးတယ်။ အဲဒါတွေက Xiaomi 12 Ultra နဲ့ Lite မော်ဒယ်တွေ ဖြစ်ပြီး မကြာခင်မှာ Lite မော်ဒယ်ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းကို FCC , TKDN နဲ့ EEC တို့မှာ မှတ်ပုံတင်ထားပြီးပါပြီ။
Xiaomi 12 Lite ရဲ့ မော်ဒယ်နံပါတ်ဟာ 2203129G ဖြစ်ပြီး Geekbench က စာရင်းအရ Snapdragon 778G Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ စမ်းသပ်ထားတဲ့ မော်ဒယ်မှာ 8GB RAM နဲ့ Android 12 ထည့်သွင်းထားပါတယ်။ FCC က MIUI 13 ပါလာမယ်လို့ အတည်ပြုထားပါတယ်။
6/128GB, 8/128GB နဲ့ 8/256GB Memory Option ၃ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပြီး Dual SIM ဖုန်း ဖြစ်ပါတယ်။ microSD Slot ပါလာမလားဆိုတာ မသိရသေးပေမယ့် လက်ရှိ ရောင်းချထားတဲ့ 12 Series မှာတော့ မထည့်သွင်းထားပါဘူး။ Xiaomi 12 နဲ့ 12 Pro မှာ ပိုမြင့်တဲ့ Snapdragon 8 Gen 1 နဲ့ 12X မှာ Snapdragon 870 တွေထည့်သွင်းထားပါတယ်။
ပေါက်ကြားသတင်းအရ Xiaomi 12 Lite မှာ ၆.၅၅ လက်မ OLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 12/12X ရဲ့ ၆.၂၈ လက်မနဲ့ 12 Pro ရဲ့ ၆.၇၃ လက်မကြားမှာ ရှိမှာပါ။ အနောက်ဘက် ကင်မရာ ၃ လုံးက 64MP ISOCELL GW3 Sensor , Ultrawide နဲ့ Macro တွေ ဖြစ်မှာပါ။
Xiaomi 12 Ultra ကို နောက်လမှာ ကြေညာမယ်လို့ သတင်းထွက်နေပြီး Xiaomi 12 Lite လည်း အဲဒီအချိန်လောက်မှာ ထွက်လာနိုင်ပါတယ်။
Ref : gsmarena