Ferrari ရဲ့ ပထမဆုံး လျှပ်စစ်ကားဟာ မကြာခင် ထွက်လာတော့မှာပါ။ အဲဒီကားဟာ တန်ဖိုးကြီးမားမှာ ဖြစ်ပြီး ဒေါ်လာ ၅၀၀,၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

Ferrari-first-EV-cost

ကုမ္ပဏီရဲ့ CEO Benedetto Vigna က Ferrari ဟာ နောက်နှစ်ကုန်မှာ ပထမဆုံး လျှပ်စစ်ကားကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ Reuters က Ferrari ဟာ ဒုတိယမြောက် လျှပ်စစ်ကားကိုလည်း ဖန်တီးနေပြီလို့ ပြောပါတယ်။ အဲဒီကားကို ဖန်တီးနေတာဟာ အစောပိုင်း အဆင့်မှာပဲ ရှိနေပါသေးတယ်။

Ferrari-first-EV-cost

Ferrari ရဲ့ ဒုတိယမြောက် လျှပ်စစ်ကားကို E-building ကနေ ထုတ်လုပ်မှာ ဖြစ်ပြီး ပထမဆုံး လျှပ်စစ်ကားကိုလည်း အဲဒီ ကနေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

Ferrari ဟာ ပြီးခဲ့တဲ့နှစ်မှာ ကား ၁၄,၀၀၀ စီးအောက်ပဲ ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀,၀၀၀ ဝန်းကျင်ထုတ်လုပ်နိုင်ဖို့ စီစဉ်ထားပါတယ်။ ကား စက်ရုံကနေ လျှပ်စစ် မော်တာ၊ Inverter နဲ့ ဘက်ထရီတွေကို လျှပ်စစ်ကားတွေအတွက် ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ကား တပ်ဆင်ထုတ်လုပ်တာကိုလည်း အဲဒီ စက်ရုံကနေပဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

Ferrari ဟာ ပြီးခဲ့တဲ့နှစ်မှာ Plug-in Hybrid (PHEV) အမျိုးအစား SF90 Stradale ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ကုမ္ပဏီဟာ ၂၀၂၆ ခုနှစ်မှာ လျှပ်စစ်ကားနဲ့ Hybrids ကားတွေကို ၆၀ ရာခိုင်နှုန်း ထုတ်လုပ်ရောင်းချဖို့ စီစဉ်ထားပါတယ်။

Ref : electrek