Ferrari ဟာ ဆွစ်ဇာလန် နည်းပညာ ကုမ္ပဏီ Velas Network နဲ့ပူးပေါင်းကာ NFTs or Non-fungible Token တွေကို ဖြန့်ချိတော့မယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ NFTs ဟာ ဒစ်ဂျစ်တယ် ပစ္စည်း ပိုင်ဆိုင်သူကို Blockchain နည်းပညာနဲ့ မှတ်တမ်းတင်ထားပြီး NFTs တွေကို Cryptocurrency နဲ့ ဝယ်ယူနိုင်ပါတယ်။ NFTs လို့ ဆိုရာမှာ အနုပညာလက်ရာ၊ Tweet ၊ သီချင်း ၊ GIFs နဲ့ တခြား ဒစ်ဂျစ်တယ် ပစ္စည်းတွေ ပါဝင်ပါတယ်။

နောက်ရာသီကစပြီး Ferrari ရဲ့ Formula 1 ကားမောင်းအဖွဲ့ရဲ့ လက်တွဲဖော်အဖြစ် Velas က ဒစ်ဂျစ်တယ် ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ Scuderia ရဲ့ Fans တွေအတွက်လည်း ဒစ်ဂျစ်တယ် Content တွေကိုလည်း ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Velas ဟာ Ferrari Esports Series ရဲ့ Title Sponsor ဖြစ်လာမှာ ဖြစ်တယ်လို့ Ferrari က ပြောပါတယ်။

Ferrari Logo Design – History, Meaning and Evolution | Turbologo

Google Trends ရဲ့ စစ်တမ်းအရ Google Search မှာ NFTs ကို ရှာဖွေမှုဟာ Crypto ထက် ပိုများလာပါတယ်။ အဲဒီ Collectible တွေကို လေလံဆွဲ ဝယ်ယူမှုတွေများနေကြပြီး တချို့ NFTs တွေဆိုရင် ဒေါ်လာ သန်းဂဏန်းနဲ့ ရောင်းထွက်နေကြပါတယ်။ Cointelegraph က ဒေါ်လာ ၉ ဘီလီယမ်ဖိုး NFTs တွေ ရောင်းချခဲ့ရပြီးပြီဖြစ်ပြီး ဒီနှစ်ကုန်မှာ ဒေါ်လာ ၁၇.၇ ဘီလီယမ်အထိ ရှိလာမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကပဲ Adidas ဟာ Into The Metaverse NFTs ၃၀,၀၀၀ ကို နာရီပိုင်းအတွင်း ဒေါ်လာ ၂၃.၅ သန်းဖိုး ရောင်းချနိုင်ခဲ့ပါတယ်။ Adidas ရဲ့ ပြိုင်ဖက် Nike ကလည်း NFTs တွေ ဖြန့်ချိဖို့ ပြင်ဆင်နေပါတယ်။

Ref : indianexpress