ကမ္ဘာ့ လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ ၂၀၁၈ ခုနှစ် FIFA World Cup ကို ကြည့်ရှုခဲ့ကြပါတယ်။ ၂၀၂၂ ခုနှစ် ကာတာမှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့ဖလားဟာ ၂ လလောက်ပဲ လိုတော့တဲ့အချိန်မှာ FIFA က ကမ္ဘာ့ဖလားအကြိုအဖြစ် NFT တွေကို ဖြန့်ချိလိုက်ပါတယ်။

FIFA takes on the NFT space in 2022 World Cup in Qatar!

FIFA+Collect Platform ကို စက်တင်ဘာလ ၂၂ ရက်နေ့က စတင်ခဲ့ပြီး Genesis NFT တွေကို ဖြန့်ချိပေးလိုက်ပါတယ်။ အဲဒီ Collection မှာ NFT ပေါင်း ၅၃၂,၉၈၀ ပါဝင်ပြီး အရင်က FIFA ပွဲတွေက သမိုင်းဝင် အမှတ်တရပုံရိပ်တွေ ထည့်သွင်းထားပါတယ်။

အဲဒီ NFT Platform ဟာ Algorand Blockchain ကို အသုံးပြုထားတာ ဖြစ်ပြီး မေလက Algorand Blockchain ဟာ FIFA ရဲ့ တရားဝင် Blockchain Partner ဖြစ်လာခဲ့ပါတယ်။

FIFA takes on the NFT space in 2022 World Cup in Qatar!

Genesis NFT ၁ ခုကို ၄.၉၉ ဒေါ်လာ သတ်မှတ်ထားပြီး ၁ ခုချင်းစီမှာ ကျပန်း ရွေးချယ်ထားတဲ့ အမှတ်တရ ပုံရိပ် ၃ ခု ထည့်သွင်းထားပါတယ်။ အဲဒါတွေကို FIFA က Moments လို့ အမည်ပေးထားပါတယ်။

Genesis NFT တွေကို Algorand Network မှာ Credit Cards သို့မဟုတ် USDC-A နဲ့ ဝယ်ယူနိုင်ပါတယ်။

NFT တွေဟာ ဓါတ်ပုံ၊ ပိုစတာ ၊ သီချင်း၊ ဗီဒီယို၊ ပန်းချီ တို့လို ဒစ်ဂျစ်တယ် ပစ္စည်းတွေ ဖြစ်ပြီး ပိုင်ဆိုင်သူကို Blockchain မှာ မှတ်တမ်းတင်ထားပါတယ်။ NFT တွေဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ရေပန်းစားလာခဲ့ပြီး ကမ္ဘာ့ အထင်ကရ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ၊ ထင်ပေါ်ကျော်ကြားလူသိများသူတွေဟာ NFT နယ်ပယ်ထဲ ဝင်ရောက်လာကြပါတယ်။