၂၀၂၃ ခုနှစ် မတ်လမှာ AI စက်ရုပ် ကုမ္ပဏီ Figure က လူတွေလို စဉ်းစားတွေးခေါ်နိုင်၊ သင်ကြားနိုင်၊ ဆက်သွယ်နိုင်ပြီး အလုပ်မျိုးစုံမှာ လူတွေကို ကူညီနိုင်တဲ့ Figure 01 အမည်ရ AI လူတူ စက်ရုပ်ကို တီထွင်မယ်လို့ ကြေညာခဲ့ပါတယ်။

Figure 01 humanoid robot demonstrates dynamic bipedal walking.

အခုတော့ ကုမ္ပဏီက လူတူ စက်ရုပ်ကို ဗီဒီယို ၁ ခုနဲ့ လူတွေကို ပထမဆုံး အကြိမ် ပြသလိုက်ပါတယ်။ ကုမ္ပဏီက လူတွေလို သဘာဝကျကျ လမ်းလျှောက်နိုင်ပြီး အခြေအနေမျိုးစုံမှာ အလုပ်လုပ်နိုင်တဲ့ စက်ရုပ်ကို တီထွင်ဖို့ ရည်ရွယ်ထားပါတယ်။

Figure ရဲ့ စက်ရုပ်ကို ကုန်ထုတ်လုပ်မှု တိုးတက်အောင် အဓိကထား ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး ကုန်ပစ္စည်းသိုလှောင်ရုံမှာ ပစ္စည်းတွေကို ရွှေ့နိုင်အောင် အရင်ဆုံးပြုလုပ်မှာ ဖြစ်ကာ နောက်ပိုင်းမှာ တခြားအလုပ်တွေကိုပါ ပြုလုပ်နိုင်အောင် ဖန်တီးမှာ ဖြစ်ပါတယ်။

Figure ဟာ ပြီးခဲ့တဲ့ နှစ်မှာ ဝန်ထမ်း ၆၀ အထိ တိုးချဲ့ ခန့်ထားခဲ့ပြီး AI , Software , Electrical , Mechanical , Design , Battery အပါအဝင် နယ်ပယ်စုံမှ အင်ဂျင်နီယာတွေကို ငှားရမ်းထားပါတယ်။ ၂၀၂၃ ခုနှစ် မေလမှာ ကုမ္ပဏီဟာ ဒေါ်လာ သန်း ၇၀ ရင်းနှီးမြှုပ်နှံမှုကို ရရှိခဲ့ပြီး ၁၂ လအတွင်း လူတူ စက်ရုပ်ကို တီထွင်နိုင်ခဲ့ပါတယ်။

ဗီဒီယိုမှာ Figure 01 ကို လေ့လာနိုင်ပြီး အပြင်ဘက်ကို တောက်ပြောင်တဲ့ သတ္တုနဲ့ ဖုံးအုပ်ထားပါတယ်။ အဓိက အဆက်တွေမှာ မော်တာတွေ တပ်ဆင်ထားပြီး ဘက်ထရီကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ လူတွေလိုပဲ လက်ချောင်းလေးချောင်းနဲ့ လက်မ တစ်ချောင်း ပါပြီး ခြေထောက်တွေဟာလည်း ကွေးညွှတ်ပျော့ပြောင်းနိုင်ပါတယ်။

ကုမ္ပဏီက စက်ရုပ်ဟာ ပစ္စည်းတွေကို သယ်မနိုင်၊ ရွှေ့ပြောင်းနိုင်ပြီး အလိုအလျှောက် သွားလာနိုင်တယ်လို့ ပြောပါတယ်။ အဲဒီ စွမ်းရည်တွေကို ပြသထားတဲ့ ဗီဒီယိုကိုတော့ ကုမ္ပဏီက မပြသသေးပါဘူး။

Ref : inceptivemind