Google ရဲ့ File Manager App ဖြစ်တဲ့ Files by Google ဟာ ပုံမှန် File Management အပြင် Device အချင်းချင်း Files တွေကိုပါ Transfer ပြုလုပ်နိုင်တဲ့အတွက် လူသုံးများတဲ့ App တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် တခြားသော Third-party File Manager App တွေထက် အသုံးပြုရတာလည်း ရိုးရှင်းတယ်လို့ ပြောရမှာပါ။

အခုအချိန်မှာတော့ Google ကနေ Files by Google App အတွက် အသုံးဝင်တဲ့ Feature တစ်ခုကို ထည့်သွင်းပေးလိုက်ပါတယ်။ ဒါကတော့ “Safe Folder” ဆိုတဲ့ Feature ပဲဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ သိမ်းထားချင်တဲ့ File တွေကို 4-digit PIN နဲ့တစ်ဆင့်ခံပြီး Lock ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။

Files By Google Safe Folder Intro

ဒီ Safe Folder Feature ကို အသုံးပြုချင်တယ်ဆိုရင်တော့ Files by Google App – Browse ကနေ Collections ကို ဝင်ရောက်ရမှာဖြစ်ပြီး အဲ့ဒီကနေမှ Safe Folder ကို ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ အဆိုပါ Feature ကို Android 8.0 နဲ့အထက် စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Google အနေနဲ့ အခု Feature ကို Files by Google Beta Version မှာ Update ပြုလုပ်ထားပြီးဖြစ်ပြီး ပုံမှန် Stable Version အနေနဲ့ကတော့ လာမယ့်ရက်သတ္တပတ်ပိုင်းမှာ Update ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လစဥ်အသုံးပြုသူ သန်း ၁၅၀ ကျော်ရှိနေတဲ့ Files by Google App မှာ ဒီလိုမျိုး Feature အသစ်ရရှိလာတာကတော့ သတင်းကောင်းလို့ပြောရမှာပါ။

Ref – Android Central