[Zawgyi]
Mozilla Firefox Browser ဆိုရင္ အခမဲ့သုံးလို႔ရတဲ့ Browser မွန္း လူတိုင္းသိၾကပါတယ္။ ဒါေပမယ့္ Mozilla က အခေၾကးေငြေကာက္ခံတဲ့ Browser အမ်ိဳးအစားသစ္ကို မိတ္ဆက္ျဖန႔္ခ်ိဖို႔ ျပဳလုပ္ေနၿပီ ျဖစ္ပါတယ္။ ဒီအခေပးအမ်ိဳးအစားကို လာမယ့္ ေဆာင္းဦးရာသီအတြင္း (စက္တင္ဘာမွ ႏိုဝင္ဘာၾကား)ျဖန႔္ခ်ိဖို႔ ႀကိဳးစားေနေၾကာင္း Mozilla ရဲ႕ CEO Chris Berad က ေျပာပါတယ္။
အခေပးအမ်ိဳးအစားမွာေတာ့ သုံးစြဲသူေတြအတြက္ ထိုက္တန္တဲ့ ဝန္ေဆာင္မႈေတြ ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒါေတြကေတာ့ အခမဲ့ VPN နဲ႔ Cloud Storage ေတြလို႔ ဆိုပါတယ္။ ဒီအခေပးအမ်ိဳးအစားဟာ တစ္လကို ၁၀ေဒၚလာႏႈန္းနဲ႔ စတင္အသုံးျပဳႏိုင္မွာျဖစ္ၿပီး VPN Bandwidth အနည္းငယ္ကိုပဲ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။
အခေပးအမ်ိဳးအစားေပၚေပါက္လာေပမယ့္လည္း လက္ရွိအသုံးျပဳခြင့္ေပးထားတဲ့ အခမဲ့အမ်ိဳးအစားကလည္း အရင္ကအတိုင္း ဆက္ရွိေနဦးမွာျဖစ္ပါတယ္။ အခေပးအမ်ိဳးအစားကေတာ့ ပိုေကာင္းတဲ့ လုံၿခဳံေရးနဲ႔ လုပ္ေဆာင္ခ်က္သစ္ေတြ ရယူအသုံးျပဳႏိုင္မွာျဖစ္တယ္လို႔ Chris Berad က ေျပာပါတယ္။
Mozilla CEO ဟာ အခေပးဗားရွင္းနဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ကို ထုတ္ေဖာ္ေျပာဆိုျခင္းမရွိခဲ့ေပမယ့္ အဓိကဦးတည္ထားတာကေတာ့ အသုံးျပဳသူေတြရဲ႕ အခ်က္အလက္ လုံၿခဳံမႈကို အျပည့္အဝ ကာကြယ္ေပးထားတယ္ဆိုတဲ့ အခ်က္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ အသုံးျပဳသူေတြရဲ႕ လုပ္ေဆာင္မႈေတြကို ဝက္ဘ္ဆိုက္ေတြက လိုက္လံေျခရာခံျခင္းေတြ၊ ထိုးေဖာက္ခံရျခင္းေတြကေန ကာကြယ္မႈရရွိမွာ ျဖစ္ပါတယ္။
Ref: GSMArena
[Unicode]
VPN နဲ့ Cloud Storage တွေပါဝင်တဲ့ Firefox အခပေးပုံစံမျိုး ဖြန့်ချိတော့မယ်
Mozilla Firefox Browser ဆိုရင် အခမဲ့သုံးလို့ရတဲ့ Browser မှန်း လူတိုင်းသိကြပါတယ်။ ဒါပေမယ့် Mozilla က အခကြေးငွေကောက်ခံတဲ့ Browser အမျိုးအစားသစ်ကို မိတ်ဆက်ဖြန့်ချိဖို့ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ဒီအခပေးအမျိုးအစားကို လာမယ့် ဆောင်းဦးရာသီအတွင်း (စက်တင်ဘာမှ နိုဝင်ဘာကြား)ဖြန့်ချိဖို့ ကြိုးစားနေကြောင်း Mozilla ရဲ့ CEO Chris Berad က ပြောပါတယ်။
အခပေးအမျိုးအစားမှာတော့ သုံးစွဲသူတွေအတွက် ထိုက်တန်တဲ့ ဝန်ဆောင်မှုတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ အခမဲ့ VPN နဲ့ Cloud Storage တွေလို့ ဆိုပါတယ်။ ဒီအခပေးအမျိုးအစားဟာ တစ်လကို ၁၀ဒေါ်လာနှုန်းနဲ့ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး VPN Bandwidth အနည်းငယ်ကိုပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အခပေးအမျိုးအစားပေါ်ပေါက်လာပေမယ့်လည်း လက်ရှိအသုံးပြုခွင့်ပေးထားတဲ့ အခမဲ့အမျိုးအစားကလည်း အရင်ကအတိုင်း ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ အခပေးအမျိုးအစားကတော့ ပိုကောင်းတဲ့ လုံခြုံရေးနဲ့ လုပ်ဆောင်ချက်သစ်တွေ ရယူအသုံးပြုနိုင်မှာဖြစ်တယ်လို့ Chris Berad က ပြောပါတယ်။
Mozilla CEO ဟာ အခပေးဗားရှင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေမယ့် အဓိကဦးတည်ထားတာကတော့ အသုံးပြုသူတွေရဲ့ အချက်အလက် လုံခြုံမှုကို အပြည့်အဝ ကာကွယ်ပေးထားတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေရဲ့ လုပ်ဆောင်မှုတွေကို ဝက်ဘ်ဆိုက်တွေက လိုက်လံခြေရာခံခြင်းတွေ၊ ထိုးဖောက်ခံရခြင်းတွေကနေ ကာကွယ်မှုရရှိမှာ ဖြစ်ပါတယ်။
Ref: GSMArena