ပြင်သစ် ကုမ္ပဏီ Alstom ရဲ့ မောင်းသူမဲ့ ရထား ၃၅ စီးဟာ ထိုင်ဝမ်ကို ရောက်လာပြီ ဖြစ်ပြီး Light Green Line Metro System မှာ အသုံးပြုမှာ ဖြစ်ပါတယ်။ အဲဒီ ရထားတွေကို ၂၂.၈ ကီလိုမီတာ (၁၄ မိုင်) လမ်းကြောင်းမှာ အသုံးပြုမှာ ဖြစ်ပြီး ခရီးချိန်ကို မိနစ် ၃၀ လျှော့ချပေးနိုင်ပါတယ်။ New Taipei City နဲ့ ထိုင်ပေမြို့တော်အကြားမှာ မူလက မိနစ် ၅၀ မောင်းနှင်ရာကနေ မိနစ် ၂၀ ပဲ ကြာမြင့်တော့မှာ ဖြစ်ပါတယ်။ မောင်းသူမဲ့ ရထားတွေဟာ ၁ နာရီကို ၁၀၀ ကီလိုမီတာ အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။
Stainless-steel ရထားတွေကို New Taipei City ရဲ့ Tucheng ခရိုင်မှ Jincheng Depot မှာ ပြသလိုက်တာ ဖြစ်ပါတယ်။ ရထားတွေကို ဘရာဇီးမှ စက်ရုံကနေ စင်ကာပူ ၊ အဲဒီကနေ ထိုင်ဝမ်ကို သယ်ဆောင်လာတာ ဖြစ်ပါတယ်။ ရထားမှာ ခရီးသည် ၇၀၀ စီးနင်းနိုင်မှာ ဖြစ်ပြီး Taipei Central နဲ့ နိုင်ငံရဲ့ အတိုးတက်ဆုံး New Taipei City ကို ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။
Alstom East Asia ရဲ့ Managing Director Toby Tiberghien က “ ထိုင်ဝမ်အတွက် ပထမဆုံး မောင်းသူမဲ့ ရထားတွေကို ပို့ဆောင်ပေးရတာ ဝမ်းသာပါတယ်။ ထိုင်ဝမ်ရဲ့ ရထား သယ်ယူပို့ဆောင်ရေး စနစ်ကို တိုးတက်ဖို့ ရည်ရွယ်ထားပါတယ်။ စွမ်းရည်မြင့် ရထားတွေဟာ ထိုင်ပေနဲ့ New Taipei City အကြားမှာ သယ်ယူပို့ဆောင်ရေး ပိုကောင်းစေမှာ ဖြစ်ပြီး ခရီးသွားတွေဟာ ကောင်းမွန်တဲ့ ခရီးသွားအတွေ့အကြုံကို ရရှိစေမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
Ref : newatlas