ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့တဲ့ Honor 30S ကို တရုတ်မှာ ပထမဆုံး အသုတ် ရောင်းပေးလိုက်ပြီ ဖြစ်ပြီး ရောင်းအားက လန်ထွက်နေပါတယ်။ Honor က ၁ စက္ကန့်အတွင်း ယွမ် သန်း ၁၀၀ ဖိုးရောင်းရတယ်လို့ ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်ပြီး မြန်မာငွေနဲ့တွက်ရင် သန်း ၂ သောင်းလောက် ရှိပါတယ်။

Honor 30S ရဲ့ 8/128GB နဲ့ 8/256GB Version တွေကို ယွမ် ၂,၃၉၉ နဲ့ ၂,၆၉၉ သတ်မှတ်ထားတဲ့အတွက် အဲဒီဝင်ငွေရဖို့ဆိုရင် အလုံးရေ ၃၇,၀၀၀ နဲ့ ၄၁,၀၀၀ အတွင်းလောက် ရောင်းချရနိုင်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် အဲဒီမော်ဒယ်တွေဟာ ၄ သိန်း ၈ သောင်းနဲ့ ၅ သိန်း ၄ သောင်းလောက် အသီးသီး ရှိပါတယ်။

Honor 30S မှာ ၆.၅ လက်မ 1080p IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး 16MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ပါလာပြီး 64MP Main ကင်မရာ ၁ လုံးက အလန်းစားပါ။ စွဲဆောင်မှု အရှိဆုံးက Kirin 820 5G Chipset အသစ် ဖြစ်ပြီး စွမ်းဆောင်ရည်သင့် ၊ ဈေးသင့်တဲ့ 5G စမတ်ဖုန်း ၁ လုံး ဖြစ်ပါတယ်။

Ref : gsmarena