Apple ဟာ ပြီးခဲ့တဲ့ ၁ ပတ်လောက်က စွမ်းရည်မြင့် iPhone 13 Series တွေကို ကြေညာခဲ့ပါတယ်။ အဲဒီဖုန်းတွေရဲ့ ပထမအသုတ်ကို ဝယ်ယူသူတွေထံ ပေးပို့လိုက်ပြီ ဖြစ်ပြီး လက်ဝယ်ပိုင်ပိုင် ကိုင်ထားတဲ့ ဓါတ်ပုံတွေ အွန်လိုင်းပေါ် တက်လာပါပြီ။ စိတ်မကောင်းစရာက လက်ထဲရောက်ပြီး နာရီပိုင်းပဲရှိသေးတဲ့ အချိန်မှာ iPhone 13 Pro ရဲ့ အနောက်ဘက် ဖန်မျက်နှာပြင် ကွဲအက်သွားတဲ့ သတင်းပါ။

iPhone 13 Pro

iPhone 13 Pro ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၉၉၉ ဒေါ်လာ ရှိပြီး မြန်မာငွေနဲ့တွက်ရင် ၁၈ သိန်းခွဲလောက် ကျသင့်ပါတယ်။ အခု ဓါတ်ပုံကို BenGeskin က တင်လိုက်တာ ဖြစ်ပြီး iPhone 13 Pro ရဲ့ အနောက်ဘက် ဖန်မျက်နှာပြင်ဟာ တော်တော်ကြီး ကွဲအက်နေတာ မြင်ရပါတယ်။ သူက အဲဒီဖုန်းကို သူပိုင်တာလား ဆိုတာ မပြောထားသလို ကွဲအက်သွားရတဲ့ အကြောင်းအရင်းကို သတင်းမပေးထားပါဘူး။

ဒါပေမယ့် တော်တော်ကွဲအက်သွားတာ ဖြစ်တဲ့အတွက် တော်တော်မြင့်တဲ့ နေရာကနေ ပြုတ်ကျသွားတာ ဖြစ်နိုင်ပါတယ်။ ဓါတ်ပုံအရ အထက်နဲ့ အောက်ခြေမှာ ဖုန်းအတွင်းဘက်ကိုတောင်မြင်နေရပါတယ်။ Apple Logo ပတ်လည်မှာ ရှိတဲ့ Wireless Charging အတွက် Magnetic Panel ကို အထင်းသား မြင်နေရပါတယ်။

iPhone 13 Pro ရဲ့ အနောက်ဘက်ကို အကြမ်းခံတဲ့ Gorilla Glass နဲ့ ဖုံးအုပ် ကာကွယ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဓါတ်ပုံအရ ထင်သလောက် အကြမ်းမခံတာကို တွေ့ရပါတယ်။ အကောင်းဆုံး အကြံပေးရရင်တော့ သင့် တန်ဖိုးကြီး iPhone အသစ်ကို ဂရုတစိုက် ကိုင်တွယ် သင့်တယ် ဆိုတာပါပဲ။

ref : gizchina