Moto G9 Play ကို အိန္ဒိယဈေးကွက်ထဲမှာ Moto G9 ဆိုတဲ့နာမည်နဲ့ ရောင်းချခဲ့တာ နှစ်လလောက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် ကုမ္ပဏီကတော့ နောက်ထပ် ဆက်ခံမယ့်မျိုးဆက်သစ်ကို မကြာခင်အပြီးသတ်ပြီး တရားဝင်အသိပေးဖို့ ပြင်ဆင်နေတယ်လို့ ယုံကြည်ရပါတယ်။

မျိုးဆက်သစ်ကို Moto G10 ဒါမှမဟုတ် Moto G10 Play ဆိုတဲ့ နာမည်တွေ မှည့်ခေါ်သွားမယ်လို့လည်း မျှော်လင့်ရပါတယ်။ အခုဆိုရင် Moto G10 လို့ ယူဆရတဲ့ ဟန်းဆက်ရဲ့ ပထမဦးဆုံး ပုံရိပ်ကိုလည်း အွန်လိုင်းပေါ်မှာ တွေ့မြင်နိုင်ပါပြီ။ လက်ရှိထွက်ပေါ်လာတဲ့ ပုံရိပ်တွေမှာတော့ Moto G10 ဟာ အရင်မျိုးဆက်နဲ့ ပုံသဏ္ဍာန်ကွာခြားသွားတာအချို့ကိုလည်း တွေ့ရပါတယ်။

Moto G10 ဟာ ပြီးခဲ့တဲ့မျိုးဆက်နဲ့ Selfie ကင်မရာ နေရာချထားတာချင်း မတူပါဘူး။ အလားတူပဲ LED ဖလက်ရှ်နဲ့ Fingerprint scanner နေရာချထားတာလည်း တူညီမှုမရှိပါဘူး။ Moto G10 ဟာ 165.3 x 75.4 x 9.5mm အတိုင်းအတာရှိတဲ့အတွက် မျက်နှာပြင်ထောင့်ဖြတ်အရွယ်အစားဟာ 6.5-inch ရှိတယ်လို့ ဆိုနိုင်ပါတယ်။

Moto G စီးရီးဟာ ဈေးနှုန်းချိုသာတဲ့ စီးရီးဖြစ်တာကြောင့် မျက်နှာပြင်အမျိုးအစားကတော့ ထုတ်လုပ်မှုကုန်ကျစရိတ်ကို မြင့်တက်စေမယ့် OLED panel အစား LCD ပဲ သုံးထားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် Moto G10 ဟာ Selfie ကင်မရာကို မျက်နှာပြင်ရဲ့ ဘယ်ဘက်ပေါ်ထောင့်မှာ Punch-hole နဲ့အတူ နေရာချထားတာဖြစ်ပါတယ်။

ကျောဘက်ကင်မရာတွေအတွက်ကတော့ စတုရန်းပုံစံကင်မရာအိမ်ထဲမှာ ကင်မရာသုံးလုံးနဲ့ LED ဖလက်ရှ်ကို နေရာချထားတာလည်း တွေ့ရပါတယ်။ ကင်မရာတွေရဲ့အောက်မှာ Motorola လိုဂိုကိုတွေ့ရပြီး Fingerprint scanner တော့ရှိမနေပါဘူး။ ဒီဟန်းဆက်ရဲ့ မော်ဒယ်နံပါတ်ဟာ XT-2117 ဖြစ်ပြီး TUV Rheinland certification အရ 4,850mAh ဘက်ထရီ တပ်ဆင်ထားကြောင်းသိရပါတယ်။

Ref: GSM Arena