[Unicode]

Samsung က Galaxy Note 10 Lite , Galaxy S10 Lite နဲ့ ဒီနှစ်ကို စဖွင့်ခဲ့ပါတယ်။ Galaxy Note 10 Lite ဟာ အရင်နှစ် ဩဂုတ်လက ကြေညာခဲ့တဲ့ Note 10 ရဲ့ တန်ဖိုးနည်း မော်ဒယ်ဖြစ်ပါတယ်။ Note 10 ရဲ့ မျိုးဆက်ကို ဒီနှစ်နှောင်းပိုင်းမှာ ကြေညာတော့မှာပါ။ ကြေညာမယ့် အချိန်က အစောကြီးရှိနေသေးပေမယ့် အခုအချိန်ကတည်းက Galaxy Note 20 ရဲ့ ဒီဇိုင်း ပေါက်ကြားထွက်ပေါ်လာပါတယ်။

နာမည်ကျော် Leakster ၁ ယောက်ဖြစ်တဲ့ Ice Universe က Galaxy Note 20 ရဲ့ ပုံကြမ်းဓါတ်ပုံကို တွစ်တာကနေ ဖွလိုက်ပြီး အဲဒီဖုန်းရဲ့ ဒီဇိုင်းကို သိလာရပါတယ်။ Samsung ဟာ ဒီနှစ်ထုတ်မယ့် ဖုန်းအားလုံးမှာ တူညီတဲ့ ဒီဇိုင်းကို သုံးထားနိုင်ပါတယ်။ Galaxy Note 20 မှာ Galaxy S20 ရဲ့ လုပ်ဆောင်ချက်တွေ ပါလာမှာ ဖြစ်ပြီး အနောက်ဘက် ကင်မရာတွေကို လေးထောင့် အကွက်ထဲမှာ ထည့်သွင်းထားပါတယ်။

အရှေ့ဘက် ဒီဇိုင်းကိုတော့ ပုံကြမ်းမှာ မပြသထားပါဘူး။ ပါဝါနဲ့ အသံခလုတ်တွေကို ဘယ်ဘက်မှာ တပ်ဆင်ထားပြီး Galaxy S20 မှာတော့ ညာဘက်မှာ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားမှာ သေချာပြီး အောက်ခြေမှာ USB Type-C Connector နဲ့ ဒစ်ဂျစ်တယ်ဘောပင် ထည့်တဲ့ အပေါက် ပါလာမှာပါ။

Note 20 ရဲ့ Specs တွေကို မသိရသေးပါဘူး။ Exynos 990 or Snapdragon 865 Chip ပါလာနိုင်ပြီး အနည်းဆုံးအနေနဲ့ 8GB RAM နဲ့ 4,500mAh ဘက်ထရီ ထည့်ထားနိုင်ပါတယ်။ Fast Charging ပါလာနိုင်ပြီး 120Hz Refresh Rate ထောက်ပံ့တဲ့ QuadHD+ Dynamic AMOLED ထည့်ထားနိုင်ပါတယ်။

Ref : gizchina

[Zawgyi]

Samsung Galaxy Note 20 ရဲ႕ ဒီဇိုင္း ထြက္ေပၚလာ

Samsung က Galaxy Note 10 Lite , Galaxy S10 Lite နဲ႔ ဒီႏွစ္ကို စဖြင့္ခဲ့ပါတယ္။ Galaxy Note 10 Lite ဟာ အရင္ႏွစ္ ဩဂုတ္လက ေၾကညာခဲ့တဲ့ Note 10 ရဲ႕ တန္ဖိုးနည္း ေမာ္ဒယ္ျဖစ္ပါတယ္။ Note 10 ရဲ႕ မ်ိဳးဆက္ကို ဒီႏွစ္ေႏွာင္းပိုင္းမွာ ေၾကညာေတာ့မွာပါ။ ေၾကညာမယ့္ အခ်ိန္က အေစာႀကီးရွိေနေသးေပမယ့္ အခုအခ်ိန္ကတည္းက Galaxy Note 20 ရဲ႕ ဒီဇိုင္း ေပါက္ၾကားထြက္ေပၚလာပါတယ္။

နာမည္ေက်ာ္ Leakster ၁ ေယာက္ျဖစ္တဲ့ Ice Universe က Galaxy Note 20 ရဲ႕ ပုံၾကမ္းဓါတ္ပုံကို တြစ္တာကေန ဖြလိုက္ၿပီး အဲဒီဖုန္းရဲ႕ ဒီဇိုင္းကို သိလာရပါတယ္။ Samsung ဟာ ဒီႏွစ္ထုတ္မယ့္ ဖုန္းအားလုံးမွာ တူညီတဲ့ ဒီဇိုင္းကို သုံးထားႏိုင္ပါတယ္။ Galaxy Note 20 မွာ Galaxy S20 ရဲ႕ လုပ္ေဆာင္ခ်က္ေတြ ပါလာမွာ ျဖစ္ၿပီး အေနာက္ဘက္ ကင္မရာေတြကို ေလးေထာင့္ အကြက္ထဲမွာ ထည့္သြင္းထားပါတယ္။

အေရွ႕ဘက္ ဒီဇိုင္းကိုေတာ့ ပုံၾကမ္းမွာ မျပသထားပါဘူး။ ပါဝါနဲ႔ အသံခလုတ္ေတြကို ဘယ္ဘက္မွာ တပ္ဆင္ထားၿပီး Galaxy S20 မွာေတာ့ ညာဘက္မွာ ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ မ်က္ႏွာျပင္ေအာက္မွာ လက္ေဗြရာ အာ႐ုံခံ ကိရိယာ ျမႇပ္ႏွံထားမွာ ေသခ်ာၿပီး ေအာက္ေျခမွာ USB Type-C Connector နဲ႔ ဒစ္ဂ်စ္တယ္ေဘာပင္ ထည့္တဲ့ အေပါက္ ပါလာမွာပါ။

Note 20 ရဲ႕ Specs ေတြကို မသိရေသးပါဘူး။ Exynos 990 or Snapdragon 865 Chip ပါလာႏိုင္ၿပီး အနည္းဆုံးအေနနဲ႔ 8GB RAM နဲ႔ 4,500mAh ဘက္ထရီ ထည့္ထားႏိုင္ပါတယ္။ Fast Charging ပါလာႏိုင္ၿပီး 120Hz Refresh Rate ေထာက္ပံ့တဲ့ QuadHD+ Dynamic AMOLED ထည့္ထားႏိုင္ပါတယ္။

Ref : gizchina