ဟောလီးဝုဒ်ရဲ့ ကမ္ဘာကျော် မင်းသားကြီး Robert Downey Jr. ဟာ OnePlus ရဲ့ မျက်နှာဖုံး ဆိုတာ အားလုံး သိထားမှာပါ။ အခုလည်း ပူပူနွေးနွေး ကြေညာထားတဲ့ OnePlus 8T ရဲ့ ကြော်ငြာမှာ သူ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ကြော်ငြာမှာ Warp Charge 65 စွမ်းရည်ကို အရင်ဆုံး ပြသထားပြီး အဲဒီနောက်မှာ ကင်မရာနဲ့ မျက်နှာပြင်‌တွေ အကြောင်း ပြောထားပါတယ်။

ဗီဒီယိုရဲ့ တစ်စိတ်တစ်ပိုင်းကို OnePlus 8T ရဲ့ 48MP Main နဲ့ 16MP Ultrawide ကင်မရာတွေနဲ့ ရိုက်ကူးထားတာပါ။ တချို့ကိုတော့ ပရော်ဖက်ရှင်နယ် ကင်မရာနဲ့ ရိုက်ထားတာပါ။ OnePlus 8T  ဗီဒီယို စွမ်းရည်ရဲ့  Image Stabilization နဲ့ 4K 60fps Mode က  ချီးကျူးစရာ ဖြစ်ပါတယ်။

120Hz မျက်နှာပြင်ကလည်း အရမ်း ကောင်းပြီး OnePlus 8 ထက် ပို အားသာတဲ့ အဓိက စွမ်းရည် ဖြစ်ပါတယ်။ ဒါပေမယ့် ဗီဒီယိုမှာ Always on Display ကို မပြသထားပေမယ့် အဲဒီ စွမ်းရည် ပါတဲ့ ပထမဆုံး OnePlus ဖုန်း ဖြစ်ပါတယ်။

နောက်ကြော်ငြာ ၁ ခုက OnePlus နဲ့ CD Projekt Red တို့ ပူးပေါင်း ဖန်တီးထားတဲ့ Cyberpunk 2077 Limited Edition OnePlus 8T ရဲ့ အကြောင်းပါ။ ဒါပေမယ့် Teaser အနေနဲ့ပဲ ပြသထားတဲ့အတွက် ဖုန်း ဒီဇိုင်းနဲ့ Accessory တွေကို မမြင်ရသေးပါဘူး။

Ref : gsmarena