TCL က ၂၀၂၁ ခုနှစ် အစမှာ 5G စမတ်ဖုန်း အသစ်နဲ့ တာထွက်ဖို့ ပြင်ဆင်နေပြီး အခုတော့ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက် တချို့ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ နာမည်က TCL 20 5G ဖြစ်ပြီး ဓါတ်ပုံနဲ့ Specs တွေကို Evan Blass က မျှဝေထားတာ ဖြစ်ပါတယ်။ အဲဒီဖုန်းမှာ Snapdragon 690 Chipset ၊ ကင်မရာ ၃ လုံးနဲ့ အရွယ်ကြီး မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပါတယ်။

First TCL 20 5G specs and images appear, to arrive in early 2021

မျက်နှာပြင် အရွယ်အစားက ၆.၆၇ လက်မ ဖြစ်ပြီး Full HD+ Resolution ရှိပါတယ်။ မျက်နှာပြင်အထက် အလယ်က Punch Hole မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ဟာ LCD ဖြစ်မယ်လို့ ထင်ရပြီး ညာဘက်က ပါဝါ ခလုတ်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားနိုင်ပါတယ်။ အသံခလုတ်ကိုလည်း ပါဝါခလုတ် အထက်မှာ ထည့်သွင်းထားပြီး ဘယ်ဘက်မှာ Google Assistant ကို ဆင့်ခေါ်တဲ့ ခလုတ် ၁ ခု ပါလာတာတွေ့ရပါတယ်။

First TCL 20 5G specs and images appear, to arrive in early 2021

အနောက်ကင်မရာတွေကို TCL 10 Series မှာလို အလျားလိုက် မဟုတ်ဘဲ ဒေါင်လိုက် တပ်ဆင်ထားတာ မြင်ရပါတယ်။ ပင်မ ကင်မရာက 48MP ဖြစ်ပြီး 8MP Ultrawide , 2MP Macro ကင်မရာ ၂ လုံးနဲ့ အားဖြည့်ထားပါတယ်။ 6GB RAM , 128GB or 256GB Storage ပါလာပြီး ဘက်ထရီက 4,500mAh ဖြစ်ပါတယ်။

အဲဒီဖုန်းကို နောက်နှစ်မှာ ကြေညာနိုင်ပြီး TCL ဟာ CES 2021 မှာ ချပြဖို့ ကြံရွယ်ခဲ့ပုံရပေမယ့် ကိုဗစ် ၁၉ ကြောင့် အမေရိကန်မှာ ပွဲဖျက်သိမ်းခဲ့ရတဲ့အတွက် ၂၀၂၁ ခုနှစ် အစောပိုင်းလတွေထဲမှာ အွန်လိုင်းကနေပဲ TCL 20 5G ကို ကြေညာနိုင်ပါတယ်။

Ref : gsmarena