ZTE ဟာ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာ ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီအဖြစ် စံချိန်တင်ထားပါတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာ ဖုန်း များများစားစား မထုတ်လုပ်ထားပါဘူး။ အခုတော့ ၂၀၂၀ ခုနှစ်အတွက် ပထမဆုံး တန်ဖိုးနည်း Blade စမတ်ဖုန်းကို ကြေညာတော့မယ်လို့ သတင်းထွက်လာပါတယ်။

TENAA မှာ ZTE ရဲ့ စွမ်းရည်သင့် စမတ်ဖုန်း အသစ် ၁ လုံးကို တွေ့လာရပြီ ဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ ရောင်းမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီနေ့ဟာ တရုတ်မှာ အထင်ကရ Singles’ Day ဈေးရောင်းပွဲတော်ဖြစ်ပြီး စမတ်ဖုန်းများစွာကို အထူး လျှော့ဈေးတွေနဲ့ ရောင်းချပေးလေ့ ရှိပါတယ်။

ZTE Blade 10 Prime Specifications, Price Compare, Review, Features

TENAA မှာ ZTE 8012N လို့ ဖော်ပြထားပြီး LCD မျက်နှာပြင်နဲ့ ဆဲလ်ဖီး ကင်မရာ အတွက် အရွယ်သေး Notch တပ်ဆင်ထားပါတယ်။ မျက်နှာပြင် အရွယ်အစားနဲ့ Resolution ကို မသိရသေးပေမယ့် ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ အနောက် ကင်မရာတွေအကြောင်း ပြောရရင် 48MP Main, 8MP Ultrawide နဲ့ 2MP ၃ လုံး ဖြစ်ပါတယ်။ အနက်ရောင် လေးထောင့် အကွက်ထဲမှာ အနောက်ကင်မရာတွေကို ထည့်ထားပြီး လက်ဗွေရာ ကိရိယာကိုလည်း အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။

2.0GHz Octa-core CPU မောင်းနှင်ထားပြီး 5G ထောက်ပံ့ထားပါတယ်။ 4GB or 6GB RAM နဲ့ 64GB or 128GB Storage တွေ ထုတ်လုပ်ထားပြီး 3,900mAh ဘက်ထရီ ပါလာပါတယ်။ အားသွင်းနှုန်းကို မသိရသေးပါဘူး။

Ref : gsmarena