Fitbit ဟာ နောက်မျိုးဆက် Charge Wearable ကို ထုတ်လုပ်ရောင်းချဖို့ အဆင်သင့် ဖြစ်နေပြီလို့ ထင်ပါတယ်။ နာမည်ကျော် Leakster ၁ ယောက် ဖြစ်တဲ့ Evan Blass (@evleaks) က Fitbit Charge 5 ရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။

Fitbit Charge 5 rendersFitbit Charge 5 rendersFitbit Charge 5 renders

ဒါပေမယ့် အဲဒီ စမတ်လက်ပတ်ရဲ့ Hardware နဲ့ လုပ်ဆောင်ချက်တွေကို မသိရသေးပါဘူး။ ဒီဇိုင်းကို  လေ့လာပြီးတော့ Hardware နဲ့ လုပ်ဆောင်ချက်တချို့ကို ခန့်မှန်းနိုင်ပါတယ်။ Charge Device ဖြစ်တဲ့အတွက် အရင်မျိုးဆက်မှာလို GPS နဲ့ သွေးတွင်း အောက်ဆီဂျင် ပမာဏ တိုင်းတာပေးတဲ့ SpO2 Sensor ပါလာနိုင်ပါတယ်။ အရင်က စွမ်းရည်မြင့် Sense Device တွေမှာပဲ ထည့်သွင်းပေးထားတဲ့ လူ့ ခန္တာကိုယ် အပူချိန် တိုင်းတာပေးတဲ့ လုပ်ဆောင်ချက်ကို Fitbit က Charge 4 မှာ ထည့်သွင်းပေးခဲ့ပါတယ်။ အဲဒီအတွက် Charge 5 မှာလည်း အဲဒီ စွမ်းရည် ပါလာနိုင်ပါတယ်။

Fitbit Charge 5 renders

ဓါတ်ပုံတွေအရ ဘယ်နဲ့ ညာဘက်မှာ အရွယ်ကြီး Pad တွေ တပ်ဆင်ထားပြီး တခြားကိုယ်ထည်က သတ္တုတွေနဲ့ မတူညီဘဲ ကွဲပြားတာကို သုံးထားပါတယ်။ ၁ ခုက ECG Reader ဖြစ်နိုင်ပေမယ့် Capacitive Navigation အတွက်လည်း ဖြစ်နိုင်ပါတယ်။

ဓါတ်ပုံတွေမှာ အရောင် ၃ ရောင်ကို မြင်ရပြီး အောက်တိုဘာလ ၂၃ ရက် နေ့စွဲကိုလည်း တွေ့ရပါတယ်။ အဲဒီ နေ့မှာ Fitbit Charge 5 ကို ကြေညာမယ်လို့ ယူဆရပါတယ်။

Ref : gsmarena