ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် realme က ၎င်းတို့၏ထုတ်ကုန်များစွာမှာ နိုင်ငံတကာ ဒီဇိုင်းဆုတံဆိပ်အမြောက်အမြားကို ဆွတ်ခူးရရှိခဲ့ကြောင်း ကြေညာခဲ့ပြီး အဆိုပါဆုရထုတ်ကုန်များထဲတွင် realme X Master Edition, realme X2 Pro Master Edition, realme X50 5G Master Edition, realme X50 Pro 5G နှင့် ၎င်းတို့၏ပထမဆုံး TWS earphone တစ်ခုဖြစ်သည့် realme Buds Q တို့ပါဝင်ခဲ့ကြသည်။

အဆိုပါဆုရထုတ်ကုန်များထဲမှ realme X Master Edition မှာ German Design Award ဆုနှင့် Award of Good Design Australia ဆုတို့ကိုရရှိခဲ့ပြီး realme X2 Pro Master Edition မှာမူ Red Dot Design Award ဆု၊ Good Design Award 2020 ဆုနှင့် Award of Good Design Australia ဆုတို့ကိုရရှိခဲ့သည်။ realme X50 5G Master Edition မှာ Award of Good Design Award 2020 ဆုနှင့် ၎င်းတို့၏ ပထမဆုံး 5G အဆင့်မြင့်ဖုန်းဖြစ်သော realme X50 Pro 5G ဖုန်းမှာမူ Good Design Award 2020 နှင့် Golden Pin Design Award ဆုတို့ကို အသီးသီးဆွတ်ခူးနိုင်ခဲ့သည်။ ထို့အတွက်ကြောင့် realme အနေဖြင့် မြောက်မြားလှသည့် အောင်မြင်မှုများစွာကိုရရှိခဲ့ပြီး ၎င်းတို့၏ထုတ်ကုန်ဒီဇိုင်းများမှာ နိုင်ငံတကာအလယ်တွင် ကြီးမားသည့်အသိအမှတ်ပြုခြင်းကိုပါရယူပြီး သက်သေပြနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

အမျိုးမျိုးသောထိပ်တန်းအဖွဲ့အစည်းများ၏ဒီဇိုင်းပိုင်းဆုတံဆိပ်ပေါင်းများစွာ ရရှိခဲ့ပြီးနောက် realme ကို တစ်ကမ္ဘာလုံးက အလေးအနက်အသိအမှတ်ပြုလာခဲ့

ယခုတစ်ကြိမ်တွင် realme ထုတ်ကုန်များစွာရရှိခဲ့သော ဒီဇိုင်းပိုင်းဆိုင်ရာဆုတံဆိပ်များမှာ ထိပ်တန်းအသိအမှတ်ပြုခံရခြင်းနှင့် ကြီးမားသည့်လွှမ်းမိုးနိုင်မှုများရှိခဲ့ခြင်းဖြစ်သည်။ ဆုရွေးချယ်ချီးမြှင့်ရေးဆိုင်ရာ ဂျူရီဒိုင်အဖွဲ့မှာ တစ်ကမ္ဘာလုံးဆိုင်ရာဒီဇိုင်းနယ်ပယ်တစ်ခုလုံး၏ ထိပ်တန်းပရောဖက်ရှင်နယ်ပုဂ္ဂိုလ်များဖြစ်ကြသည်နှင့်အညီ realme ၏ထုတ်ကုန်များမှာ ပိုမိုတင်းကျပ်သည့်စစ်ဆေးသုံးသပ်မှုများစွာခံယူပြီးနောက်တွင် အခြားမြောက်မြားလှသည့်အရွေးချယ်ခံပြိုင်ဘက်ပေါင်းထောင်ချီကြားထဲမှ နောက်ဆုံးတွင်ရွေးချယ်ချီးမြှင့်ခံရခြင်းဖြစ်သည့်အတွက် realme ၏ထုတ်ကုန်ဒီဇိုင်းများကို ဒီဇိုင်းနယ်ပယ်တစ်ခုလုံးတွင် ထိုက်ထိုက်တန်တန်ကြီးမားစွာ အသိအမှတ်ပြုခံရခြင်းလည်း ဖြစ်သည်။

Good Design Award

၁၉၅၇ ခုနှစ်တွင် စတင်ခဲ့ပြီး သက်တမ်းနှစ်ပေါင်း ၆၀ ကျော်ရှိထားပြီဖြစ်သလို အာရှတွင် သြဇာအညောင်းဆုံးနှင့် လွှမ်းမိုးမှုအရှိဆုံး Design Award ဖြစ်သည့် ယခု Good Design Award ဆုကို “Oscar Academy Award of Eastern Design” ဟုလည်း ခေါ်တွင်ထားသည်။ Good Design Award ဆုမှာ သုံးသပ်ဆုံးဖြတ်ခြင်းနှင့် ကြီးမားသောဈေးကွက်မြှင့်တင်ခြင်းနည်းလမ်းများဖြင့် လူအများစုအား များပြားလှသည့် ဒီဇိုင်းဆိုင်ရာဖြစ်နိုင်ခြေများကို ကူညီရှာဖွေပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

Red Dot Design Award

German Design Commitment အဖွဲ့အစည်းက တည်ထောင်ထားခြင်းဖြစ်ပြီး သမိုင်းကြောင်းအရ နှစ်ပေါင်း ၆၀ကျော်သက်တမ်းရှိထားသည့် Red Dot Design Award ဆုမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ မြင့်မားသည့်အသိအမှတ်ပြုခြင်းခံထားရသော ထိပ်တန်းအဆင့်နယ်ပယ်၏ဒီဇိုင်းဆုတစ်ခုဖြစ်သည်။ ထို့အပြင် ယခုဆုမှာ ကမ္ဘာ့အကြီးမားဆုံးနှင့် အမြင့်မားဆုံးထိရောက်မှုရှိသည့် ဒီဇိုင်းပြိုင်ပွဲများထဲမှ တစ်ခုလည်းဖြစ်သလို အရည်အသွေးမြင့်ဒီဇိုင်း၏ သင်္ကေတတစ်ခုအဖြစ်ပါ သတ်မှတ်ထားကာ ဆုရသူများမှာ တစ်မူထူးခြားသည့်ဒီဇိုင်းအဖြစ်ပါ သရုပ်ဖော်ညွှန်းဆိုထားခြင်းဖြစ်သည်။

Golden Pin Design Award

ယခုဆုကို ကမ္ဘာလုံးဆိုင်ရာတရုတ်ဈေးကွက်တွင် အကောင်းဆုံး ဒီဇိုင်းဆုအဖြစ် ခေါ်တွင်ထားခြင်းဖြစ်ပြီး ဒီဇိုင်းနယ်ပယ်၏ Golden Horse Awards ဟုလည်း အမည်တွင်ကာ ၃၅နှစ်ကျော်သက်တမ်းရှိထားပြီဖြစ်သည်။ ထို့အပြင် ယခုဆုမှာ သမိုင်းအဝင်ဆုံး၊ သြဇာညောင်းပြီး ကျော်ကြားမှုအရှိဆုံး ပရောက်ဖက်ရှင်နယ်ဒီဇိုင်းပြိုင်ပွဲများထဲမှ တစ်ခုလည်းဖြစ်သည်။ အရွေးချယ်ခံပြိုင်ပွဲဝင်သူပေါင်း သောင်းနှင့်ချီကာ မှတ်ပုံတင်ထားခြင်းဖြစ်သည်။

German Design Award

German Design Awards ဆုများမှာ မျက်မှောက်ခေတ်ဒီဇိုင်းဆိုင်ရာကျင့်သုံးမှုများနှင့်ပတ်သက်လာလျှင် နိုင်ငံတကာသို့ခြေဆန့်စေမည့် စင်မြင့်တစ်ခုဖြစ်သလို တစ်ကမ္ဘာလုံးဆိုင်ရာယှဉ်တွဲပြောင်းလဲမှုစီးပွားရေးအဆောက်အအုံတွင် ပြိုင်ဆိုင်မှုပြင်းထန်စွာရှိနေခြင်းလည်းဖြစ်သည်။ ယခုကဲ့သို့အဆင့်အတန်းမြင့်မားမှုကို ဒီဇိုင်နယ်ပယ်ကဏ္ဍအသီးသီးမှ ထင်ရှားကျော်ကြားသည့်ဒီဇိုင်းဂုရုကြီးများပါဝင်ပေါင်းစည်းထားသည့် နိုင်ငံတကာစစ်ဆေးသုံးသပ်ရေးဂျူရီအဖွဲ့က သေချာအောင်ပြုလုပ်ပေးနေခြင်းဖြစ်သည်။

Good Design Award Australia

သြစတေးလျနိုင်ငံတွင်ရှိသည့် တစ်ခုတည်းသောနိုင်ငံတကာဒီဇိုင်းဆုဖြစ်ပြီး ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ International Council of Social Industrial Design (ICSID) အဖွဲ့အစည်းက အသိအမှတ်ပြုထားသည့် သြစတေးလျနိုင်ငံ၏ ဒီဇိုင်းနယ်ပယ်အတွက် အဆင့်အမြင့်ဆုံးသော ဆုတံဆိပ်တစ်ခုလည်းဖြစ်သည်။

realme Trendsetting Design – ခေတ်ရေစီးကြောင်းကိုဦးဆောင်စေမည့်အိုင်ဒီယာများနှင့် နည်းပညာကိုအဆင့်မြှင့်တင်ပေးသွားရန်ရည်ရွယ်
ကမ္ဘာတစ်ဝန်းလုံးတွင် ကြီးမားသည့်လွှမ်းမိုးမှုများရှိသော မြောက်မြားလှသည့်ဒီဇိုင်းဆုများကိုရယူထားနိုင်သည့် realme ထုတ်ကုန်များ၏အဓိကအကြောင်းအရင်မှာ realme က အစဉ်အမြဲဆွဲကိုင်ထားသည့် ခေတ်ရေစီးကြောင်းကိုဦးဆောင်စေမည့် ဒီဇိုင်းအယူအစဖန်တီးမှုကနေမည်သည့်အခါမျှ သွေဖယ်သွားခြင်းမျိုးမရှိပေ။ realme အနေဖြင့် ခေတ်ရေစီးကြောင်းဦးဆောင်စေမည့်ဒီဇိုင်းဖန်တီးမှုကို အမြဲတမ်းအလေးပေးလျက်ရှိကာ စံနှုန်းသတ်မှတ်ချက်ကိုချိုးဖြတ်နိုင်ရန်မျှော်လင့်ဦးတည်ထားသလို နည်းပညာရပ်ဝန်းအတွင်းသို့ ဆန်းသစ်စေမည့်အလေ့အကျင့်သုံးစွဲမှုများကိုပါ ခေါ်ဆောင်လာစေရန်၊ ဘဝတရားမှ အနုပညာနှင့်အလှအပကို ရှာဖွေဖော်ထုတ်ရန်၊ သမားရိုးကျအလှတရားများ၏ကန့်သတ်ချုပ်ချယ်မှုက ကျော်ဖြတ်ဖောက်ထွက်ရန်၊ ခေတ်ရေစီးကြောင်းကိုဦးဆောင်စေမည့် အိုင်ဒီယာများနှင့် နည်းပညာကို အဆင့်မြှင့်တင်ပေးသွားရန်နှင့် ခေတ်ရေးစီးကြောင်းကိုဦးဆောင်စေမည့် အလှအပဆိုင်ရာဒီဇိုင်းများကို အီလက်ထရောနစ်ထုတ်ကုန်များသုံးစွဲမှုဆီသို့ ပို့ဆောင်ပေးသွားရန် ရည်ရွယ်ခြင်းဖြစ်သည်။

realme အနေဖြင့် ကမ္ဘာ့ဒီဇိုင်းနယ်ပယ်၏အောင်မြင်ကျော်ကြားသူ ဒီဇိုင်းပညာရှင် Naoto Fukasawa အားဖိတ်ခေါ်ခဲ့ပြီး realme ၏ ဖိတ်ကြားထားသောဒီဇိုင်းဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့သည်။ ၎င်းဒီဇိုင်းပညာရှင်က realme X Master Edition ကိုတစ်မူထူးခြားစွာဖန်တီးပေးခဲ့ပြီး အဆိုပါထုတ်ကုန်၏ဒီဇိုင်းပိုင်းဖန်တီးရယူမှုမှာ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့၏အခွံကနေစတင်ခဲ့ခြင်းဖြစ်သည်။ ၎င်းဆက်လက်ဖန်တီးခဲ့သည့် realme X2 Pro Master Edition ထုတ်ကုန်၏ ဒီဇိုင်းအခြေခံကို အစဉ်အလာဗိသုကာဆိုင်ရာပစ္စည်းများဖြစ်သည့် အနီရောင်အုပ်ခဲနှင့် ကွန်ကရစ်တို့ကနေဖန်တီးရယူခဲ့ခြင်းဖြစ်ကာ realme X50 5G Master Edition အတွက် ခေတ်သစ်လူနေမှုဘဝထဲမှ အစက်အပြောက်နှင့်မျဉ်းကြောင်းဆိုင်ရာ ပစ္စည်းတို့မှ အခြေပြုရယူခဲ့ခြင်းဖြစ်ပြီး သုံးစွဲသူများစွာက အလေးအနက်နှစ်သက်သဘောကျခြင်းခံခဲ့ရသလို လတ်ဆက်သည့်ဖန်တီးမှုကို စက်ဖြင့်ပြုလုပ်ဖန်တီးသော စမတ်ဖုန်းဒီဇိုင်းအဖြစ် ပုံဖော်သယ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Good Design Award Australia က realme ၏ Master Edition Series ၃ခုအတွက် မြင့်မားသည့်သုံးသပ်ဆုံးဖြတ်မှုများကိုပေးအပ်ခဲ့ခြင်းပြီး ၎င်းတို့၏သုံးသပ်ချက်အရ “ဒီထုတ်ကုန်အမျိုးအစားတွေမှာ ကြီးမားတဲ့အလားအလာကောင်းတွေရှိနေပါတယ်။ လက်ရာမြောက်လှတဲ့ဒီဇီုင်းဖန်တီးမှုနဲ့အတူ ဒီဇိုင်းပိုင်းဆိုင်ရာရိုးရှင်းစင်ကြယ်မှုကို ပုံသွင်းဖို့အတွက် အဆင့်မြင့်စမတ်ဖုန်းတစ်လုံးမှာ အထူးပြုလုပ်ထားတဲ့နည်းပညာနဲ့ အရောင်အသွေးစိုပြေမှုတို့ကို အသုံးပြုထားတာဖြစ်ပါတယ်။ အနုပညာက နည်းပညာနဲ့ဆုံးစည်းစေတယ်ဆိုတဲ့ ဒီဇိုင်းပိုင်းဆိုင်ရာအရာဝတ္ထုအဖြစ် ဖန်တီးတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်” ဟု ပြောဆိုထားသည်။

ယခုအားလုံးထဲကမှ realme X2 Pro Master Edition မှာ Good Design Award 2020 ကိုပါ ဆွတ်ခူးရရှိထားခြင်းဖြစ်ပြီး “စမတ်ဖုန်းတွေရဲ့ဒီဇိုင်းက စံတစ်ခုလိုဖြစ်လာချိန်မှာ ဒီထုတ်ကုန်ရဲ့ ကိုယ်ထည်ပိုင်းဖန်တီးပြသပေးမှုဟာ ခေတ်ရေစီးကြောင်းကနေ တစ်မူထူးခြားတဲ့ မရှိမဖြစ်လှပဆွဲဆောင်တဲ့အရာတွေကို ချဉ်းကပ်ထားတာဖြစ်ပါတယ်။ ထုတ်ကုန်ထုတ်ပိုးမှုဒီဇိုင်းအပါအဝင် တစ်ကမ္ဘာလုံးငေးကြည့်မှုကိုဘယ်လိုဖန်တီးမလဲ၊ အနုစိပ်လေးတွေကို ဘယ်လိုဖန်တီးမလဲ အစရှိတဲ့ အဆင့်မြင့်မားတဲ့ပြီးပြည့်စုံခြင်းနဲ့ပေါင်းစပ်ထားတဲ့ ထုတ်ကုန်တစ်ခုပဲဖြစ်ပါတယ်” ဟု သုံးသပ်ပြောဆိုထားခြင်းဖြစ်သည်။ ထို့အပြင် realme X Master Edition မှာ တစ်မူထူးခြားသည့်ဒီဇိုင်း၊ အနုစိပ်လွန်းလှသည့် အပိုင်းအစင်းလေးများနှင့် အထပ်ထပ်ပြုလုပ်ထားသော အပိုင်းအစဉ်လေးများ၏ အားသာချက်ကြောင့် German Design Award ဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

realme ၏ ပထမဆုံး 5G အဆင့်မြင့်ဖုန်းတစ်လုံးဖြစ်သည့် realme X50 Pro 5G ဖုန်းကို သံချေးအနီနှင့် ရေညှိတက်အစိမ်းအဖြစ် အရောင်ဖန်တီးပေးထားကာ ၂ဝ၂ဝ အတွင်း ရေစီးကြောင်းအဖြစ် ဦးဆောင်စေမည့် အရောင်စိုတောက်မှုလျော့နည်းသည့်ကာလာအဖြစ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ယခုဒီဇိုင်းဖန်တီးမှုအခြေခံကို ပြင်ပအာကသထဲရှိ အမည်မသိအရာဝတ္ထုတို့မှ အခြေခံထားခြင်းဖြစ်ပြီး သဘာဝတရားတွင် အလွယ်တကူ မျက်ကွယ်ပြုတတ်ကြသော အနီရောင်သံချေတက်နှင့် အစိမ်းရောင်ရေညှိတို့ကဲ့သို့ လျှို့ဝှက်ဆန်းကြယ် နက်နဲမှုအဖြစ်ဖန်တီးထားခြင်းဖြစ်သည်။ Good Design Award 2020 ၏ပြောဆိုသုံးသပ်ချက်အရ “အရောင်တောက်စိုမှုကို အတတ်နိုင်ဆုံးမှေးမှိန်ထားကာ လေးနက်တဲ့ခံစားချက်နဲ့ အရောင်အသွေးကိုပုံဖော်ထားခြင်းဖြစ်ပြီး ထိတွေ့မှုအရသာက ညီညွတ်မျှတမှုရှိနေစေပါတယ်။ သင့်အနေနဲ့ မြင့်မားတဲ့အတိုင်းအတာတစ်ခုအထိ တိကျမှုနဲ့ အရည်အသွေးမြင့် ဟန်ချက်ညီစုစည်းမှုရှိတာကို ခံစားရစေမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီဖုန်းကိုလက်ထဲမှာ ဆုပ်ကိုင်ထားလိုက်တာနဲ့ အံဝင်ခွင်ကျသက်သောင့်သက်သာရှိမှုကိုဖြစ်စေပါလိမ့်မယ်။ သူ့ရဲ့လိုက်ဖက်ညီမျှတစေတဲ့ဒီဇိုင်းအတွက် ကြီးမားစွာ သုံးသပ်ဆုံးဖြတ်ထားတာဖြစ်ပါတယ်” ဟုဖော်ပြထားသည်။

realme Buds Q ထုတ်ကုန်ကို ပဲရစ်မြို့သားအနုပညာရှင်နှင့် Hermes ၏ Cooperated Designer ဖြစ်သူ ဟိုဆေးလေဗီနှင့်လက်တွဲပူးပေါင်း ဖန်တီးထားခြင်းဖြစ်သည်။ ၎င်းထုတ်ကုန်မှာ realme ၏ ပထမဆုံး ပဲစေ့ပုံစုံ TWS earphone တစ်လုံးဖြစ်ပြီး ကျောက်စရစ်အဝိုင်းလေးများမှ အခြေခံကာ မျဉ်းဖြောင့်တစ်စုံတစ်ရာမပါဝင်စေဘဲ ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်သည်။ German Design Award ၏ ဂျူရီဒိုင်အဖွဲ့က သုံးသပ်ရာတွင် “လှပကြော့ရှင်း၊ ရှုတ်ထွေးမှုအနည်းဆုံးနဲ့ အပေါ်ပါးဆုံးအဖြစ် ဝိသေသပြုရလောက်တဲ့ ဒီ realme Buds Q ဟာ လုံးဝကွဲပြားတဲ့အထူးပြုလုပ်ဖန်တီးချက်တွေနဲ့ ထူးခြားတဲ့အသုံးပြုဝင်မှုတွေရှိနေတဲ့ ထုတ်ကုန်တစ်ခုအဖြစ်ဆွဲဆောင်ထားတာဖြစ်ပါတယ်” ဟု ဖော်ပြထားသည်။

စတင်တည်ထောင်သည့်အဦးဆုံးအချိန်ကပင် realme အနေဖြင့် ထုတ်ကုန်ဒီဇိုင်းပိုင်းဆိုင်ရာတို့တွင် ဘယ်သောအခါမျှ လက်လျှော့အရှုံးပေးခြင်းမရှိဘဲ အချိန်တိုင်းရှာဖွေစမ်းသပ်ဖော်ထုတ်နေခြင်းဖြစ်ပြီး သုံးစွဲသူများအတွက် အကောင်းဆုံးဒီဇိုင်းကို ယူဆောင်ပေးနိုင်စေရန်အတွက် မြောက်မြားလှသည့်နယ်ပယ်အသီးသီးမှ ကျော်ကြားသည့်ဒီဇိုင်နာများ၊ ဖက်ရှင်ဒီဇိုင်နာများ၊ အနုပညာပုံဖော်သူများနှင့် ခေတ်ရေစီးကြောင်းကိုအမြဲတမ်းဆန်းသစ်ဖန်တီးသူများနှင့် လက်တွဲပူးပေါင်းကာ ခေတ်ရေစီးကြောင်းကိုဦးဆောင်စေမည့် gadget အသုံးအဆောင်ပစ္စည်းများကို ပေါင်းစပ်ဖန်တီးနိုင်စေမည့် realme Design Studio ကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့လုပ်ဆောင်ခဲ့ခြင်း၏အားသာချက်ကြောင့် ယခုတစ်ကြိမ်တွင် realme ၏ ထုတ်ကုန် ၅မျိုးမှာ နိုင်ငံတကာဒီဇိုင်းဆုတံဆိပ်များကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပြီး realme ၏ခိုင်မာသည့်ဇွဲနှင့်အားထုတ်ကြီးပမ်းမှုကို အကြီးမားဆုံးသက်သေပြလိုက်ခြင်းလည်းဖြစ်သည်။ နောက်တစ်ကြိမ်တွင်လည်း realme အနေဖြင့် “Dare to Leap” Brand ခံယူချက်စိတ်ဓာတ်ကိုဆက်လက်စွဲကိုင်ကာ ထုတ်ကုန်ဒီဇိုင်းနယ်ပယ်တွင် ပိုမိုအပြုသဘောဆောင်ပြီး တစ်ကမ္ဘာလုံးရှိ လူငယ်သုံးစွဲသူများနှစ်သက်သဘောကျစေမည့် ပိုမိုခေတ်ရှေ့ပြေးသောဒီဇိုင်းတို့ကို ယူဆောင်ပေးနိုင်စေရန် ပိုမိုကြိုးစားအားထုတ်သွားဦးမည်ဖြစ်သလို အားလုံးနှင့်အတူ ခေတ်ရှေ့ပြေးသောဘဝနေထိုင်မှုများကို ခံစားသွားနိုင်စေရန်ရည်သန်ထားခြင်းဖြစ်သည်။