9to5Google က APK ၁ ခုကို လေ့လာဆန်းစစ်ခဲ့ရာမှာ Google ရဲ့ နောက်ထွက်မယ့် Foldable Pixel Device မှာ Google Pixel 6 Series ရဲ့ ကင်မရာတွေ မပါလာနိုင်ဘူးလို့ သိရပါတယ်။ မကြာခင်က ထွက်ခဲ့တဲ့ Google ရဲ့ ကင်မရာ App ကို လေ့လာခဲ့တဲ့အခါမှာ နောက်ထွက်မယ့် Foldable Pixel ရဲ့ လျှို့ဝှက်အမည်ဟာ “Pipit” ဖြစ်တယ်ဆိုတာ သိလာရပါတယ်။

Google Pixel Fold Release Date, Price & Specs Rumours

9to5Google က Foldable Pixel ဖုန်းမှာ Pixel 5 မှာ တပ်ဆင်ထားတဲ့ 12.2MP ပင်မ ကင်မရာကို သုံးထားမယ်လို့ ပြောပါတယ်။ Pixel 6 နဲ့ 6 Pro အသစ်တွေမှာ ပါတဲ့ 50MP GN1 Sensor အစား Sony IMX363 ကို သုံးထားမှာပါ။ Foldable Pixel မှာ Ultrawide ကင်မရာအတွက် Sony IMX386 ကို သုံးထားမယ်လို့ ထင်ရပါတယ်။

အဲဒီ ကင်မရာ ၂ လုံးအပြင် Dual IMX355 Sensor လည်း ပါလာနိုင်ပြီး အဲဒါဟာ Pixel 5 မှာ တပ်ဆင်ထားတဲ့ 8MP ဆဲလ်ဖီး ကင်မရာ ဖြစ်ပါတယ်။ “Pipit” မှာ ဆဲလ်ဖီး ကင်မရာ ၂ လုံး ပါလာနိုင်ပြီး ၁ လုံးကို အပြင် မျက်နှာပြင်နဲ့ နောက် ၁ လုံးကို အတွင်း မျက်နှာပြင်မှာ တပ်ဆင်ထားနိုင်ပါတယ်။

Details on a possible Google Pixel Fold release date materialse; initial  Pixel Roll speculation begins - NotebookCheck.net News

Pixel Foldable ကို ၂၀၂၂ ခုနှစ်အတွင်း ကြေညာနိုင်ပြီး အရင်ကတော့ Pixel 6 Series နဲ့ အတူကြေညာမယ်လို့ သတင်းထွက်ခဲ့ပေမယ့် မဖြစ်လာခဲ့ပါဘူး။ ကင်မရာ APK ရဲ့ ကုဒ်တွေထဲမှာ “isPixel2022Foldable” ဆိုတဲ့ စာသားကို တွေ့ရတဲ့အတွက် ၂၀၂၂ ခုနှစ်မှာ ကြေညာမယ်လို့ သတင်းထွက်နေတာပါ။

Google က တက်ဘလက်၊ Foldable နဲ့ ChromeOS Device တွေအတွက် အထူးဖန်တီးထားတဲ့ Android 12L ကို မကြာခင်က ကြေညာခဲ့ပြီး ၂၀၂၂ ခုနှစ် ပထမ ၃ လအတွင်း ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ အဲဒီနောက်ပိုင်းမှာ Foldable Pixel ကို ကြေညာမယ်လို့ ထင်ရပါတယ်။

Ref : gsmarena