ပေါ်တူဂီရဲ့ ကမ္ဘာ့ဘောလုံးကြယ်ပွင့် Cristiano Ronaldo ဟာ Huawei ဖုန်း ၁ လုံးကို ကိုင်နေပါတယ်။ Sina Digital ရဲ့ ဝီဘိုက ပို့စ်မှာ သူ့ကို Huawei ဖုန်း ၁ လုံးနဲ့အတူ တွေ့ရပါတယ်။

အဲဒီ ဖုန်းဟာ Huawei Mate RS Porsche Design Edition ဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါပေမယ့် အဲဒီ ဝီဘိုက ဓါတ်ပုံဟာ ၂၀၂၁ ခုနှစ်ကဖြစ်တယ်လို့ ပြောနေကြပါတယ်။ Ronaldo ဟာ ဖုန်း ၈ လုံးအထိ အသုံးပြုပြီး အဲဒီ Huawei ဖုန်းကို Navigation အတွက်ပဲ သုံးတာလို့ ခန့်မှန်းနေကြပါတယ်။ တခြား ဖုန်းတွေအားလုံးက Apple ထုတ်ကုန်တွေလို့ ပြောနေကြပါတယ်။

Ronaldo ဟာ Porsche ကားတွေကို နှစ်သက်သူ ဖြစ်ပါတယ်။ Huawei Mate RS Porsche Design ကို Porsche Sports ကားရဲ့ သက်တမ်း ၇၀ ပြည့်နှစ်ပတ်လည်အတွက် ၂၀၁၈ ခုနှစ်မှာ ရောင်းချခဲ့တာပါ။ Porsche 911nGT 3 RS ကား ရောင်းချတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ Huawei ဟာ Porsche နဲ့ ပူးပေါင်းကာ အဲဒီဖုန်းကို ထုတ်လုပ်ခဲ့တာပါ။

အဲဒီဖုန်းမှာ 40MP Leica ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ အနက်နဲ့ အနီရောင် ထုတ်လုပ်ထားပြီး Face Unlock လည်း ပါပါတယ်။ 6GB RAM /512GB Storage ထည့်ထားပြီး ၁,၈၀၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gizmochina