၂၀၁၂ ခုနှစ်တုန်းက Sam Sung လို့ခေါ်တဲ့ Apple အရောင်းဆိုင် ဝန်ထမ်းတစ်ယောက်ဟာ သူ့နာမည်က Apple ရဲ့ အဓိကပြိုင်ဘက်တွေထဲက တစ်ခုဖြစ်တဲ့ Samsung နဲ့ ဆင်တူနေတာကြောင့် နာမည်ကြီးသွားခဲ့ပါတယ်။ Business Insider နဲ့ မကြာသေးခင်က လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူက သူ့ဘဝရဲ့ အဲဒီအချိန်ကာလအကြောင်း၊ Apple က ဘယ်လိုတုံ့ပြန်ခဲ့သလဲဆိုတာနဲ့ နောက်ဆုံးမှာ သူ ဘာကြောင့် နာမည်ပြောင်းခဲ့သလဲဆိုတာကို အသေးစိတ် ပြောပြခဲ့ပါတယ်။

တစ်စုံတစ်ယောက်က ၂၀၁၂ ခုနှစ်မှာ Sung ရဲ့ Apple business card (လုပ်ငန်းကတ်) ဓာတ်ပုံကို Reddit မှာ တင်ခဲ့ပြီး အဲဒါက အလျင်အမြန် ပျံ့နှံ့သွားခဲ့ပါတယ်။ Apple က သူ့ကို ဖုန်းခေါ်ပြီး အဲဒီ post (တင်ထားတာ) ကို သူသိသလားလို့ မေးခဲ့ပါတယ်၊ ပြီးတော့ သူဟာ သူ့အလုပ် ပြုတ်သွားမှာကို စိတ်ပူခဲ့ရပါတယ်။
သတင်းထောက်တစ်ယောက်က သူ့ကို အလုပ်ခွင်မှာ လာတွေ့ပြီးတဲ့နောက်မှာ Apple ဟာ Sung ကို အရောင်းဆိုင်ကနေ ခေါ်ထုတ်သွားခဲ့ပြီး ဝန်ထမ်းတွေကိုလည်း customer တွေ လာမေးတဲ့အခါ သူ့ကို ဘယ်သူဘယ်ဝါမှန်း မပြောပြဖို့ ပြောထားခဲ့ပါတယ်။ Apple ဟာ သူ့ရဲ့ business card တွေကိုလည်း သိမ်းသွားခဲ့ပါတယ်။
Sung ဟာ အရောင်းဝန်ထမ်းဘဝ ကနေ ရှေ့ဆက်တက်လှမ်းချင်တာကြောင့် ၂၀၁၃ မှာ Apple ကနေ ထွက်ခွာခဲ့ပြီး၊ ၂၀၁၄ မှာတော့ သူဟာ နာမည်ကြီးနေတဲ့ သူ့ရဲ့ business card အဟောင်းတွေနဲ့ ယူနီဖောင်းအဟောင်း အပိုင်းအစတွေကို ပရဟိတအတွက် လေလံတင် ရောင်းချခဲ့ပါတယ်။

Sung ဟာ Apple ကနေ ထွက်ပြီးတဲ့အထိ သူ့နာမည်ကို မပြောင်းခဲ့ပါဘူး၊ ဒါပေမယ့် နောက်ပိုင်းမှာ လူတွေ အာရုံစိုက်တာကို မခံချင်တာနဲ့ နာမည်ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ နောက်ဆုံးမှာ သူ့ရဲ့မျိုးရိုးနာမည်ကို Struan (စထရွမ်) လို့ ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ အဲဒီနာမည်က စကော့တလန်မှာ သူအကြိုက်ဆုံး နေရာတွေထဲက တစ်ခုရဲ့ နာမည်လို့ သူက ပြောပါတယ်။
Ref: macrumors