Fortnite ဟာ လက်ရှိအချိန်မှာ ယခင်ကလောက်တော့ အောင်မြင်မှုမရှိတော့ပေမယ့် ဆော့ကစားသူအများအပြားရှိနေသေးတဲ့ Battle Royale Game တစ်ခုဖြစ်ပါတယ်။ အခုလည်း Next Gen Game Console တွေဖြစ်တဲ့ Sony PlayStation 5 နဲ့ Xbox Series X/S တို့အတွက် အရေးကြီးတဲ့ Update တစ်ခုကို ထုတ်ပေးလိုက်ပါပြီ။

ဒါကတော့ Game Framerate ကို 120fps အထိ ရရှိစေမယ့် “120FPS Mode” ကို ထည့်သွင်းပေးလိုက်တာပဲဖြစ်ပါတယ်။ ဒါက Fortnite လိုမျိုး အလျှင်အမြန်သွားလာရတဲ့ Game အတွက်တော့ အသုံးဝင်တဲ့ Update ဖြစ်လာမှာပါ။

ဒါပေမယ့်လည်း အဆိုပါ “120FPS Mode” အတွက် ချိတ်ဆက်ထားတဲ့ TV သို့မဟုတ် Display ကလည်း 120Hz Refresh Rate ကို Support ပြုလုပ်ဖို့လိုအပ်မယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ 120FPS Mode နဲ့ဆော့ကစားမယ်ဆိုရင် Resolution ကလည်း 4K အစား 1440p မှာပဲ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Xbox Series S မှာဆိုရင်တော့ 120FPS Mode နဲ့ဆော့ကစားမယ်ဆိုရင် 1080p Resolution ကိုပဲ ထောက်ပံ့ပေးနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် Fortnite ဟာ ဒီလိုမျိုး Next Gen Console တွေဖြစ်တဲ့ PS5 နဲ့ Xbox Series X/S တွေကို စတင်ရောင်းချတဲ့အချိန်မှာလည်း 4K 60fps Mode နဲ့ Dynamic Visual Update တွေကို ပြုလုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် PS5 နဲ့ Xbox Series X/S Console အသုံးပြုသူတွေအတွက်ကတော့ Fortnite က ဆော့ကစားသင့်တဲ့ Game တစ်ခုဖြစ်လာဦးမှာပါ။

Ref – The Verge