Unicode

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲမှာ ဝင်ငွေအကောင်းဆုံး Game တွေကို SuperData ကနေ Year in Review Report ထုတ်ပေးခဲ့လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Report အရ လက်ရှိ Battle Royale Game တွေထဲမှာ အအောင်မြင်ဆုံးဖြစ်တဲ့ Fortnite ကပဲ ဝင်ငွေ ဒေါ်လာ ၁.၈ ဘီလီယံဝင်ငွေရရှိခဲ့ပြီးတော့ လက်ရှိ Game တွေအားလုံးထဲမှာ ဝင်ငွေအများဆုံးဖြစ်ခဲ့ပါတယ်။

အခုလိုမျိုး Fortnite ကနေ ၂၀၁၉ ခုနှစ်အတွက် ဝင်ငွေ ဒေါ်လာ ၁.၈ ဘီလီယံရရှိခဲ့တာက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းကလိုမျိုး မှတ်တမ်းကိုချိုးနိုင်တဲ့ ရလဒ်တစ်ခုတော့မဟုတ်ပေမယ့် တခြား ဘယ် Game မှ အခုဒီရလဒ်နဲ့ နီးစပ်တဲ့ဝင်ငွေကို ရှာဖွေနိုင်ခြင်းမရှိဘူးလို့ SuperData ကနေ ဖော်ပြခဲ့ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Free-to-Play Game တွေက ပိုပြီး ဝင်ငွေအကောင်းဆုံးဖြစ်နေခဲ့ပြီးတော့ လက်ရှိ Digital Game တွေမှာ သုံးတဲ့ ၅ ဒေါ်လာထဲက ၄ ဒေါ်လာက Free-to-Play Game တွေမှာ သုံးထားတာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ Free-to-Play Game တွေရဲ့ ဝင်ငွေဟာ Mobile မှာ ဒေါ်လာ ၆၄.၄ ဘီလီယံ၊ PC မှာ ဒေါ်လာ ၂၉.၆ ဘီလီယံနဲ့ Console တွေမှာ ဒေါ်လာ ၁၅.၄ ဘီလီယံရှိခဲ့တာဖြစ်ပြီး PC နဲ့ Console တွေမှာ အခုဝင်ငွေက ပိုကျဆင်းသွားပေမယ့် Mobile မှာတော့ ဒေါ်လာ ဘီလီယံနဲ့ချီပြီး ပိုတိုးတက်လာတာဖြစ်ပါတယ်။

ဒါပေမယ့် တကြိမ်ထဲဝယ်ယူရတဲ့ Premium Game တွေကတော့ မနှစ်ကနဲ့ယှဥ်ရင် ဝင်ငွေက ၅ ရာခိုင်နှုန်းကျဆင်းသွားပြီး ဝင်ငွေအရဆုံး Game တွေထဲမှာ FIFA 19 ၊ Call of Duty: Modern Warfare နဲ့ GTA V တို့က ရယူထားတာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ Apex Legends လို Battle Royale Game အသစ်တွေထွက်ရှိခဲ့ပေမယ့် Fortnite ကတော့ လက်ရှိအချိန်အထိ အအောင်မြင်ဆုံး Game ဖြစ်နေဆဲပါပဲ။

Ref – PC Gamer

Zawgyi

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ထဲမွာ ဝင္ေငြအေကာင္းဆုံး Game ေတြကို SuperData ကေန Year in Review Report ထုတ္ေပးခဲ့လိုက္ၿပီျဖစ္ပါတယ္။ အဆိုပါ Report အရ လက္ရွိ Battle Royale Game ေတြထဲမွာ အေအာင္ျမင္ဆုံးျဖစ္တဲ့ Fortnite ကပဲ ဝင္ေငြ ေဒၚလာ ၁.၈ ဘီလီယံဝင္ေငြရရွိခဲ့ၿပီးေတာ့ လက္ရွိ Game ေတြအားလုံးထဲမွာ ဝင္ေငြအမ်ားဆုံးျဖစ္ခဲ့ပါတယ္။

အခုလိုမ်ိဳး Fortnite ကေန ၂၀၁၉ ခုႏွစ္အတြက္ ဝင္ေငြ ေဒၚလာ ၁.၈ ဘီလီယံရရွိခဲ့တာက ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္တုန္းကလိုမ်ိဳး မွတ္တမ္းကိုခ်ိဳးႏိုင္တဲ့ ရလဒ္တစ္ခုေတာ့မဟုတ္ေပမယ့္ တျခား ဘယ္ Game မွ အခုဒီရလဒ္နဲ႔ နီးစပ္တဲ့ဝင္ေငြကို ရွာေဖြႏိုင္ျခင္းမရွိဘူးလို႔ SuperData ကေန ေဖာ္ျပခဲ့ပါတယ္။

ဒါတင္မဟုတ္ေသးဘဲ Free-to-Play Game ေတြက ပိုၿပီး ဝင္ေငြအေကာင္းဆုံးျဖစ္ေနခဲ့ၿပီးေတာ့ လက္ရွိ Digital Game ေတြမွာ သုံးတဲ့ ၅ ေဒၚလာထဲက ၄ ေဒၚလာက Free-to-Play Game ေတြမွာ သုံးထားတာျဖစ္တယ္လို႔သိရပါတယ္။ အဆိုပါ Free-to-Play Game ေတြရဲ႕ ဝင္ေငြဟာ Mobile မွာ ေဒၚလာ ၆၄.၄ ဘီလီယံ၊ PC မွာ ေဒၚလာ ၂၉.၆ ဘီလီယံနဲ႔ Console ေတြမွာ ေဒၚလာ ၁၅.၄ ဘီလီယံရွိခဲ့တာျဖစ္ၿပီး PC နဲ႔ Console ေတြမွာ အခုဝင္ေငြက ပိုက်ဆင္းသြားေပမယ့္ Mobile မွာေတာ့ ေဒၚလာ ဘီလီယံနဲ႔ခ်ီၿပီး ပိုတိုးတက္လာတာျဖစ္ပါတယ္။

ဒါေပမယ့္ တႀကိမ္ထဲဝယ္ယူရတဲ့ Premium Game ေတြကေတာ့ မႏွစ္ကနဲ႔ယွဥ္ရင္ ဝင္ေငြက ၅ ရာခိုင္ႏႈန္းက်ဆင္းသြားၿပီး ဝင္ေငြအရဆုံး Game ေတြထဲမွာ FIFA 19 ၊ Call of Duty: Modern Warfare နဲ႔ GTA V တို႔က ရယူထားတာျဖစ္တယ္လို႔ သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္မွာ Apex Legends လို Battle Royale Game အသစ္ေတြထြက္ရွိခဲ့ေပမယ့္ Fortnite ကေတာ့ လက္ရွိအခ်ိန္အထိ အေအာင္ျမင္ဆုံး Game ျဖစ္ေနဆဲပါပဲ။

Ref – PC Gamer