Unicode

Epic Games ဟာ အခုအချိန်မှာ Fortnite iOS Version အတွက် Version Update အသစ်ကို ထုတ်ပေးလိုက်ပါတယ်။ ဒီ Update မှာ အထူးခြားဆုံးအချက်ကတော့ iPad Pro (2018) Model တွေအတွက် 120fps Support ကို ရရှိလာတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် 120Hz ProMotion Display ပါဝင်တဲ့ iPad Pro ပေါ်မှာ Fortnite ကို 120fps အပြည့်နဲ့ ဆော့ကစားနိုင်တော့မှာပါ။

ဒီလိုမျိုး Mobile Game တွေအများအပြားက High Frame Rate ကို Support ပြုလုပ်တယ်ဆိုပေမယ့် 120fps အပြည့်နဲ့ ဆော့ကစားနိုင်တဲ့ Game တွေကတော့ အလွန်နည်းပါးနေပါသေးတယ်။ ဖြစ်နိုင်တာတစ်ခုက Apple iPad Pro မှာပါဝင်တဲ့ A12X Bionic Chip ဟာ ကွန်ပျူတာတစ်လုံးနီးပါး စွမ်းဆောင်ရည်ရှိတဲ့အတွက် Fortnite ကနေ အခုလိုမျိုး Update ပေးလိုက်တာဖြစ်နိုင်ပါတယ်။

ဒါပေမယ့်လည်း ဒီလိုမျိုး 120fps Mode ကို On လိုက်မယ်ဆိုရင် Game Visual Setting တွေက Medium ကိုပဲ ပြောင်းသွားမှာဖြစ်ပါတယ်။ ဒါကလည်း အမြင့်ဆုံးစွမ်းဆောင်ရည်ကိုရရှိဖို့အတွက် Game Visual ပိုင်းကို လျော့ချလိုက်ရတာဖြစ်နိုင်ပြီး High Setting မှာဆို 60fps နဲ့ Epic Setting မှာဆိုရင် 30fps ကို Lock ပြုလုပ်ထားမယ်လို့လည်း သိရပါတယ်။ အဲ့ဒီအတွက် ဆော့ကစားသူတွေအနေနဲ့ Frame Rate အမြင့်ကို ရွေးမလား၊ Visual ပိုကောင်းတာကို ရွေးမလားဆိုတာကတော့ ကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။

နောက်ထပ်လည်း အခု Update နဲ့အတူ Controller Thumb Stick Button တွေကို Support ပြုလုပ်လာပြီလို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိ စမတ်ဖုန်းတွေအများအပြားက Fortnite ကို 60fps တောင် မနည်းဆော့နေရတဲ့အချိန်မှာ iPad Pro ကတော့ လုံးဝ အကြမ်းစားဖြစ်နေပါပြီ။

Ref – The Verge

Zawgyi

Epic Games ဟာ အခုအခ်ိန္မွာ Fortnite iOS Version အတြက္ Version Update အသစ္ကို ထုတ္ေပးလိုက္ပါတယ္။ ဒီ Update မွာ အထူးျခားဆုံးအခ်က္ကေတာ့ iPad Pro (2018) Model ေတြအတြက္ 120fps Support ကို ရရွိလာတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ 120Hz ProMotion Display ပါဝင္တဲ့ iPad Pro ေပၚမွာ Fortnite ကို 120fps အျပည့္နဲ႔ ေဆာ့ကစားႏိုင္ေတာ့မွာပါ။

ဒီလိုမ်ိဳး Mobile Game ေတြအမ်ားအျပားက High Frame Rate ကို Support ျပဳလုပ္တယ္ဆိုေပမယ့္ 120fps အျပည့္နဲ႔ ေဆာ့ကစားႏိုင္တဲ့ Game ေတြကေတာ့ အလြန္နည္းပါးေနပါေသးတယ္။ ျဖစ္ႏိုင္တာတစ္ခုက Apple iPad Pro မွာပါဝင္တဲ့ A12X Bionic Chip ဟာ ကြန္ပ်ဴတာတစ္လုံးနီးပါး စြမ္းေဆာင္ရည္ရွိတဲ့အတြက္ Fortnite ကေန အခုလိုမ်ိဳး Update ေပးလိုက္တာျဖစ္ႏိုင္ပါတယ္။

ဒါေပမယ့္လည္း ဒီလိုမ်ိဳး 120fps Mode ကို On လိုက္မယ္ဆိုရင္ Game Visual Setting ေတြက Medium ကိုပဲ ေျပာင္းသြားမွာျဖစ္ပါတယ္။ ဒါကလည္း အျမင့္ဆုံးစြမ္းေဆာင္ရည္ကိုရရွိဖို႔အတြက္ Game Visual ပိုင္းကို ေလ်ာ့ခ်လိုက္ရတာျဖစ္ႏိုင္ၿပီး High Setting မွာဆို 60fps နဲ႔ Epic Setting မွာဆိုရင္ 30fps ကို Lock ျပဳလုပ္ထားမယ္လို႔လည္း သိရပါတယ္။ အဲ့ဒီအတြက္ ေဆာ့ကစားသူေတြအေနနဲ႔ Frame Rate အျမင့္ကို ေ႐ြးမလား၊ Visual ပိုေကာင္းတာကို ေ႐ြးမလားဆိုတာကေတာ့ ကိုယ္တိုင္ ဆုံးျဖတ္ရမွာပါ။

ေနာက္ထပ္လည္း အခု Update နဲ႔အတူ Controller Thumb Stick Button ေတြကို Support ျပဳလုပ္လာၿပီလို႔ သိရပါတယ္။ ဘာပဲျဖစ္ျဖစ္ လက္ရွိ စမတ္ဖုန္းေတြအမ်ားအျပားက Fortnite ကို 60fps ေတာင္ မနည္းေဆာ့ေနရတဲ့အခ်ိန္မွာ iPad Pro ကေတာ့ လုံးဝ အၾကမ္းစားျဖစ္ေနပါၿပီ။

Ref – The Verge