Fossil က ရိုးရိုး နာရီတွေရဲ့ ဒီဇိုင်းကို နှစ်သက်ပြီး ခေတ်ပေါ် စမတ်နာရီတွေက လုပ်ဆောင်ချက်တွေကို ကြိုက်သူတွေအတွက် နောက်မျိုးဆက် Hybrid စမတ်နာရီကို ကြေညာလိုက်ပါတယ်။ Fossil Gen 6 Hybrid မှာ တခြား Gen 6 စမတ်နာရီတွေဆီက ဒီဇိုင်းကို ယူသုံးထားပြီး ဟာ့ဒ်ဝဲထဲမှာ နည်းပညာတွေ ပိုထည့်ထားပါတယ်။

Fossil announces Gen 6 Hybrid smartwatch with two-week battery and Alexa support

Machine နဲ့ Stella ဆိုပြီး ဒီဇိုင်း ၂ မျိုး ထုတ်လုပ်ထားပါတယ်။ Machine မှာ Textured Bezel ပါတဲ့ 45mm Case အရွယ်အစား တပ်ဆင်ထားပြီး Black , Smoke နဲ့ Silver အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Stella မှာ 40.5mm Case အရွယ်အစား တပ်ဆင်ထားပြီး မိန်းကလေးတွေ ကြိုက်တဲ့ အရောင်တွေ ဖြစ်တဲ့ Rose Gold , Silver နဲ့ Two-tone တွေ ထုတ်လုပ်ထားပါတယ်။ မော်ဒယ် ၂ ခု စလုံးမှာ ဖြုတ်၊ တပ် နိုင်တဲ့ လက်ပတ်ကြိုးတွေ ပါလာပြီး 18mm နဲ့ 24mm အသီးသီး ရှိပါတယ်။ သတ္တု၊ သားရေနဲ့ ဆီလီကွန် စတဲ့ လက်ပတ်ကြိုး အမျိုးအစားတွေ ရွေးချယ်နိုင်ပါတယ်။

Fossil announces Gen 6 Hybrid smartwatch with two-week battery and Alexa support

ဘက်ထရီ သက်တမ်း ၂ ပတ်ခံပြီး အိပ်စက်မှု နဲ့ ခြေလှမ်းတွေကို တွက်ချက်ပေးနိုင်ပါတယ်။ စမတ်ဖုန်းက Notification တွေကို ပြသပေးနိုင်ပြီး Watch Face တွေကို Customize လုပ်နိုင်ပါတယ်။ နှလုံးခုန်နှုန်းကို အချိန်ပြည့် တိုင်းတာပေးနိုင်ပြီး လေ့ကျင့်ခန်း လုပ်ရင် စောင့်ကြည့် စစ်ဆေးပေးနိုင်ပါတယ်။ သွေးတွင်းအောက်ဆီဂျင် ပမာဏကို တိုင်းတာပေးနိုင်ပြီး မိုက်ကရိုဖုန်း ပါလာကာ Amazon Alexa ကို သုံးနိုင်ပါတယ်။

Fossil က Android နဲ့ iOS အတွက် ဒီဇိုင်း ဆန်းသစ်ထားတဲ့ Companion App ကို ဖြန့်ချိပေးလိုက်ပြီး Personalization Option တွေ တိုးတက်လာကာ Fitness Data Dashboard က ပို အသုံးဝင်လာပါတယ်။ App အသစ်ကို Fossil Hybrid စမတ်နာရီ အဟောင်းတွေမှာလည်း သုံးနိုင်ပါတယ်။

Fossil Gen 6 Hybrid ကို ဒီလ ၂၇ ရက်နေ့မှာ စတင် ရောင်းချပေးလိုက်ပြီး သတ္တု လက်ပတ်ကြိုး မော်ဒယ်ကို ၂၂၉ ဒေါ်လာ သတ်မှတ်ထားကာ မြန်မာငွေ ၄၂၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။

Ref : gsmarena