Wear OS ပါတဲ့ Fossil Gen 6 စမတ်နာရီတွေကို မကြာခင် ကြေညာနိုင်တယ်လို့ သတင်းထွက်လာပြီး ဓါတ်ပုံတွေလည်း ပေါက်ကြားလာပါတယ်။ မော်ဒယ် အားလုံးမှာ Snapdragon Wear 4100+ Chipset မောင်းနှင်ထားပါတယ်။

Fossil Gen 6 leaks w/ Snapdragon 4100+, SpO2 sensor - 9to5Google

Wear 3100 ထက် ၈၅ ရာခိုင်နှုန်း ပိုမြန်လာမယ်လို့ သိရပြီး Wear 4100+ ဟာ 4G LTE (Cat. 4) နဲ့ GPS တွေကို  ထောက်ပံ့နိုင်ပါတယ်။ ဒါ့အပြင် AON Co-processor က ဘက်ထရီ စားသုံးမှုကို လျှော့ချပေးနိုင်ပြီး နှလုံးခုန်နှုန်းကို စဉ်ဆက်မပြတ် တိုင်းတာပေးနိုင်သလို Always On Display က 64K Color ကို ပြသပေးနိုင်ပါတယ်။ အရင်မျိုးဆက် AON မှာ 16K Color ကိုပဲ ထောက်ပံ့ပေးနိုင်ခဲ့တာပါ။

Fossil Gen 6: Smartwatch leaks again with a familiar design, an outdated  SoC and probably Wear OS 2, but it could still be the best Wear OS device  for Android fans -

Fossil Gen 6 အတွက် ၄၂ မီလီမီတာနဲ့ ၄၄ မီလီမီတာ ၂ မျိုး ထုတ်လုပ်ပေးထားမှာ ဖြစ်ပြီး မော်ဒယ် အားလုံးမှာ ၁.၂၈ လက်မ OLED 416x416p မျက်နှာပြင် ပါလာမှာပါ။ မျက်နှာပြင်ဟာ Gen 5 ထက် ပိုမို တောက်ပလာမှာ ဖြစ်ပြီး ကိုယ်ထည် အများစုဟာ ရေအနက် မီတာ ၅၀ အထိ ရေစိုခံပါတယ်။ လက်ပတ်ကြိုးတွေအနေနဲ့ သတ္တု၊ သားရေနဲ့ ချည်သားတွေကို ထုတ်လုပ်ပေးထားမှာ ဖြစ်ပြီး အမျိုးသား ၊ အမျိုးသမီး အားလုံး ဝတ်ဆင်နိုင်တဲ့ စတိုင်တွေ ပါလာမှာပါ။

ဘက်ထရီ သက်တမ်းက ၂၄ နာရီ အသုံးခံပြီး Extreme Energy Saving Mode နဲ့ဆိုရင် ရက်အနည်းငယ်တောင် အသုံးခံတာက တော်တော်မိုက်ပါတယ်။ ခြေလှမ်းတွေကို တွက်ချက်ပေးနိုင်ပြီး SpO2 Sensor က Covid-19 ကပ်ရောဂါ ကာလမှာ အသုံးဝင်ပါတယ်။ Fossil က စက်တင်ဘာလ ၂၇ ရက်နေ့မှာ Gen 6 စမတ်နာရီတွေကို ရောင်းချနိုင်ပြီး ဈေးက ယူရို ၃၀၀ နဲ့ ၃၃၀ အတွင်း ကျသင့်နိုင်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၅ သိန်း ၈ သောင်းနဲ့ ၆ သိန်း ၃ သောင်းလောက်ရှိတဲ့အတွက် ဈေး မသေးပါဘူး။

Ref : gsmarena