သတင်းများစွာ ထွက်နေတဲ့ Fossil Gen 6 စမတ်နာရီတွေကို  တရားဝင် ကြေညာလိုက်ပါပြီ။ Google Wear OS မောင်းနှင်ထားပြီး Qualcomm Snapdragon 4100+ Platform ထည့်သွင်းထားပါတယ်။ ၄၄ နဲ့ ၄၂ မီလီမီတာ အရွယ်အစားတွေ ထုတ်လုပ်ထားပါတယ်။

Fossil Gen 6 (image: Fossil)

အရွယ်အစား ၂ ခုစလုံးမှာ ၁.၂၈ လက်မ AMOLED မျက်နှာပြင် ပါလာပြီး 416×416 pixel Resolution ထောက်ပံ့ထားပါတယ်။ Always-on လုပ်ဆောင်ချက်ပါလာပြီး ညာဘက်မှာ ထိန်းချုပ်ဖို့ ခလုတ် ၃ ခု တပ်ဆင်ထားပါတယ်။ အလယ်က ခလုတ် ၁ ခုက Rotating Crown လို အလုပ်လုပ်မှာပါ။ ဖုန်းပြောဖို့အတွက် မိုက်ကရိုဖုန်းနဲ့ စပီကာတွေ ထည့်သွင်းထားပါတယ်။

Gen 6 Series မှာ ပါတဲ့ Snapdragon Wear 4100+ Platform ဟာ Wear 3100 ထက် ၈၅ ရာခိုင်နှုန်း ပိုမြန်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ 1GB RAM နဲ့ 8GB Storage ထည့်သွင်းထားပြီး ဆက်သွယ်မှု အပိုင်းမှာ Bluetooth 5 LE, GPS, NFC SE နဲ့ WiFi ထောက်ပံ့ထားပါတယ်။ Google Pay အသုံးပြုကာ ငွေပေးချေမှု ပြုလုပ်နိုင်ပါတယ်။

သွေးတွင်းအောက်ဆီဂျင် ပမာဏ တိုင်းတာပေးတဲ့ SpO2 Sensor က Covid-19 ကပ်ရောဂါ ကာလမှာ အရမ်း အသုံးဝင်ပြီး နှလုံးခုန်နှုန်းနဲ့ အိပ်စက်မှု အခြေအနေကို တွက်ချက်ပေးနိုင်ပါတယ်။ Sports Modes များစွာ ထည့်သွင်းပေးထားပြီး ရေအနက် မီတာ ၃၀ အထိ ဝတ်ဆင်နိုင်ပါတယ်။ ဘက်ထရီ သက်တမ်းက ၂၄ နာရီ အသုံးခံတယ်လို့ သိရပါတယ်။

Fossil Gen 6 အတွက် Smoke Stainless Steel, Brown Leather, Green Camo Grosgrain နဲ့ Gold/Purple အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Stainless Steel မော်ဒယ်ကို ၃၁၉ ဒေါ်လာနဲ့ ကျန်တဲ့ မော်ဒယ်တွေကို ၂၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၂ သောင်းနဲ့ ၄ သိန်း ၉ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Fossil က Silicone , Leather နဲ့ Stainless Steel လက်ပတ် အပိုတွေကို ၂၉ ကနေ ၄၉ ဒေါ်လာ အတွင်း ရောင်းချမှာပါ။ Fossil Gen 6 ကို အမေရိကန်မှာ စက်တင်ဘာလ ၂၇ ရက်နေ့ရောင်းချနိုင်ပြီး တခြားနိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena