[Unicode]

Foxconn ဟာ အိန္ဒိယမှာ စက်ရုံတည်ပြီး လုပ်ငန်းလည်ပတ်နေတာ ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ်ကတည်းက စတင်လိုက်တဲ့ အိန္ဒိယအစိုးရရဲ့ မူဝါဒသစ်ကြောင့် အဆိုပါနယ်မြေမှာ ပိုပြီးရင်းနှီးမြှုပ်နှံ့ဖို့လည်း ကြိုးစားနေတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်က ထွက်လာတဲ့သတင်းအရ Foxconn ဟာ အိန္ဒိယမှာ ဒေါ်လာ ၅ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံမယ့်အစီအစဉ်ကို ပျယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်ရခြင်းအကြောင်းရင်းက Foxconn ရဲ့ စက်ရုံသစ်ဆောက်လုပ်ဖို့ မြေနေရာကို အန္ဒိယအစိုးရက ခွင့်ပြုမပေးခဲ့တာကြောင့်လို့လည်း သိရပါတယ်။ မြေနေရာအတွက် သဘောတူညီချက်မရတာကြောင့် အစိုးရနဲ့ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာကနေ နောက်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။

Maharashtr ပြည်နယ်ရဲ့ စက်မှုဝန်ကြီး Subhash Desia ရဲ့အဆိုအရ Foxconn ဟာ စက်ရုံအတွက်မြေကွက်ကို လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ရှာဖွေနေတာဖြစ်ပေမယ့်လည်း အဆုံးသတ်မှာတော့ အောင်မြင်မှုမရရှိခဲ့တာလို့ သိရပါတယ်။ ဒေသတွင်းသတင်းတွေအရတော့ Foxconn ဟာ Navi Mumbai ရှိ Jawaharlal Nehru Port Trust မှာ စက်ရုံနဲ့ ကုန်ထုတ်လုပ်မှုအချက်အချာတစ်ခု တည်ထောင်လိုပြီး အထူးစီးပွားရေ:ဇုန်မှာ မြေဧက ၄၄ ဧကကို ဝယ်ယူလိုခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးမှာတော့ Foxconn လိုချင်တဲ့မြေဟာ Global Terminal Operator DP World ဆီကို ရောက်သွားတယ်လို့ သိရပါတယ်။ အိန္ဒိယအစိုးရကတော့ Foxconn ရဲ့ ရင်းနှီးမြှုပ်နှံမှုပယ်ဖျက်ခြင်းဟာ သုံးစွဲသူတွေအတွက် တိုက်ရိုက် သက်ရောက်မှု မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ ထိုင်ဝမ်အခြေစိုက် ထုတ်လုပ်မှုလုပ်ငန်းကြီးဟာ Apple အတွက် အဓိကအလုပ်လုပ်ပေးတဲ့လုပ်ငန်းအဖြစ် ထင်ရှားကျော်ကြားပါတယ်။

Ref: GSM Arena

[Zawgyi]

အိႏၵိယမွာ ေဒၚလာ ၅ ဘီလီယံ ရင္းႏွီးျမႇဳပ္ႏွံမယ့္အစီအစဥ္ကို ပယ္ဖ်က္ခဲ့တဲ့ Foxconn

Foxconn ဟာ အိႏၵိယမွာ စက္႐ုံတည္ၿပီး လုပ္ငန္းလည္ပတ္ေနတာ ၾကာခဲ့ပါၿပီ။ ၿပီးခဲ့တဲ့ႏွစ္ကတည္းက စတင္လိုက္တဲ့ အိႏၵိယအစိုးရရဲ႕ မူဝါဒသစ္ေၾကာင့္ အဆိုပါနယ္ေျမမွာ ပိုၿပီးရင္းႏွီးျမႇဳပ္ႏွံ႔ဖို႔လည္း ႀကိဳးစားေနတာပါ။ ဒါေပမယ့္ ၿပီးခဲ့တဲ့ရက္က ထြက္လာတဲ့သတင္းအရ Foxconn ဟာ အိႏၵိယမွာ ေဒၚလာ ၅ဘီလီယံ ထပ္မံရင္းႏွီးျမႇဳပ္ႏွံမယ့္အစီအစဥ္ကို ပ်ယ္ဖ်က္လိုက္တယ္လို႔ သိရပါတယ္။

ဒီလိုမ်ိဳး ရင္းႏွီးျမႇဳပ္ႏွံမယ့္ အစီအစဥ္ကို ပယ္ဖ်က္လိုက္ရျခင္းအေၾကာင္းရင္းက Foxconn ရဲ႕ စက္႐ုံသစ္ေဆာက္လုပ္ဖို႔ ေျမေနရာကို အႏၵိယအစိုးရက ခြင့္ျပဳမေပးခဲ့တာေၾကာင့္လို႔လည္း သိရပါတယ္။ ေျမေနရာအတြက္ သေဘာတူညီခ်က္မရတာေၾကာင့္ အစိုးရနဲ႔ေရးထိုးထားတဲ့ နားလည္မႈစာခြၽန္လႊာကေန ေနာက္ဆုတ္သြားခဲ့တယ္လို႔ သိရပါတယ္။

Maharashtr ျပည္နယ္ရဲ႕ စက္မႈဝန္ႀကီး Subhash Desia ရဲ႕အဆိုအရ Foxconn ဟာ စက္႐ုံအတြက္ေျမကြက္ကို လြန္ခဲ့တဲ့ ငါးႏွစ္ကတည္းက ရွာေဖြေနတာျဖစ္ေပမယ့္လည္း အဆုံးသတ္မွာေတာ့ ေအာင္ျမင္မႈမရရွိခဲ့တာလို႔ သိရပါတယ္။ ေဒသတြင္းသတင္းေတြအရေတာ့ Foxconn ဟာ Navi Mumbai ရွိ Jawaharlal Nehru Port Trust မွာ စက္႐ုံနဲ႔ ကုန္ထုတ္လုပ္မႈအခ်က္အခ်ာတစ္ခု တည္ေထာင္လိုၿပီး အထူးစီးပြားေရ:ဇုန္မွာ ေျမဧက ၄၄ ဧကကို ဝယ္ယူလိုခဲ့တယ္လို႔ သိရပါတယ္။

ေနာက္ဆုံးမွာေတာ့ Foxconn လိုခ်င္တဲ့ေျမဟာ Global Terminal Operator DP World ဆီကို ေရာက္သြားတယ္လို႔ သိရပါတယ္။ အိႏၵိယအစိုးရကေတာ့ Foxconn ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈပယ္ဖ်က္ျခင္းဟာ သုံးစြဲသူေတြအတြက္ တိုက္႐ိုက္ သက္ေရာက္မႈ မျဖစ္ႏိုင္ဘူးလို႔ ဆိုပါတယ္။ ထိုင္ဝမ္အေျခစိုက္ ထုတ္လုပ္မႈလုပ္ငန္းႀကီးဟာ Apple အတြက္ အဓိကအလုပ္လုပ္ေပးတဲ့လုပ္ငန္းအျဖစ္ ထင္ရွားေက်ာ္ၾကားပါတယ္။

Ref: GSM Arena