iPhone 12 ရဲ့ Specific Absorption Rate (SAR) ဟာ သတ်မှတ်ထားတဲ့ ပမာဏထက်များနေတဲ့အတွက် ပြင်သစ်မှာ iPhone 12 ရောင်းချမှုကို ပိတ်ပင်လိုက်ပါတယ်။ ပြင်သစ် အမျိုးသား Frequency အေဂျင်စီ (ANFR) က iPhone 12 ဟာ ခွင့်ပြုထားတဲ့ လျှပ်စစ် သံလိုက်လှိုင်းတွေထက် ပိုမို ထုတ်လွှင့်တယ်လို့ ပြောပါတယ်။

France bans Apple from selling iPhone 12 over high SAR

အေဂျင်စီက ၃ နှစ်သက်တမ်းရှိတဲ့ iPhone အပါအဝင် iPhone ၁၄၁ လုံးကို SAR အတွက် စမ်းသပ်ခဲ့ပြီး ဖုန်းကို အိတ်ကပ်ထဲ ထည့်ထားချိန်မှာ 5.74 Watts Per Kilogram ထုတ်လွှင့်တာကို တွေ့ခဲ့ရပါတယ်။ ဥရောပသမဂ္ဂရဲ့ SAR စံနှုန်းက 4.0 Watts Per Kilogram ဖြစ်ပါတယ်။

ANFR က “ Apple ဟာ ဒီပြဿနာကို လျှင်မြန်စွာ ဖြေရှင်းရမှာပါ။ ဒါမှမဟုတ်ရင် ဥရောပ နိုင်ငံတွေမှာ iPhone ရောင်းချတာကို ပိတ်ပင်မှာပါ။” လို့ ပြောပါတယ်။ ပြင်သစ်ရဲ့ ဒစ်ဂျစ်တယ် စီးပွားရေး ဝန်ကြီး Jean-Noel Barrot က Apple ဟာ Software Update  နဲ့ ဒီပြဿနာကို ၂ ပတ်အတွင်း ဖြေရှင်းနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

သိပ္ပံ သုတေသန တချို့အရ ကင်ဆာဖြစ်စေနိုင်တဲ့အတွက် ဥရောပ သမဂ္ဂက SAR ပမာဏကို ကန့်သတ်ထားတာ ဖြစ်ပါတယ်။

France bans Apple from selling iPhone 12 over high SAR

Apple ဟာ ၂၀၂၀ ခုနှစ် စက်တင်ဘာလက စတင်ပြီး iPhone 12 အလုံးရေ ၁၀ သန်းခန့်ကို ရောင်းချထားပြီး ဖြစ်ပါတယ်။ Apple က iPhone 15 ကို ကြေညာပြီးပြီ ဖြစ်တဲ့အတွက် iPhone 12 ရောင်းချတာကို ရပ်နားထားပြီး ဖြစ်ပါတယ်။ အဲဒီအတွက် Apple ရဲ့ ရှေ့လျှောက် iPhone ရောင်းအားကို ထိခိုက်စေမှာ မဟုတ်ပါဘူး။

Ref : gsmarena