ပြင်သစ် အခြေစိုက် Crypto Blockchain Industries က DJ စတား David Guetta ရဲ့ NFTs တွေကို  ရောင်းချပေးလိုက်တယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ Guetta ပူးတွဲ တည်ထောင်ထားတဲ့ ပရဟိတ အဖွဲ့အစည်း United At Home အတွက် ဒေါ်လာ ၂၅၀,၀၀၀ ကျော်ဖိုး NFTs တွေ ရောင်းချနိုင်ခဲ့တယ်လို့ Crypto Blockchain Industries က ပြောပါတယ်။

David Guetta Earns 30th Top 10 on Dance/Mix Show Airplay Chart With  Galantis & Little Mix Collab

NFTs (Non-fungible Token) ဟာ ဒစ်ဂျစ်တယ် ပစ္စည်း ပိုင်ဆိုင်မှု ၁ မျိုး ဖြစ်ပြီး ဒီနှစ်ထဲမှာ အရမ်း ရေပန်းစားလာပါတယ်။ အနုပညာလက်ရာ NFTs တွေကို ဒေါ်လာ သန်းပေါင်းများစွာနဲ့ ရောင်းချထားပြီးပါပြီ။

DJ David Guetta under fire for remixing King Salman tribute during Saudi  concert - National | Globalnews.ca

NFTs တွေ ရောင်းချလာတဲ့အတွက် Crypto Blockchain Industries ရဲ့ ရှယ်ယာတွေဟာ ၂၁.၇ ရာခိုင်နှုန်းတိုးတက်လာပြီး ကနဦးဈေး ၂ ယူရိုကနေ ၄၃ ယူရို အထိ ရှိလာပြီ ဖြစ်ပါတယ်။

NFTs တွေဟာ Blockchain မှာ မှတ်တမ်းတင်ထားတဲ့ ဒစ်ဂျစ်တယ် ပစ္စည်း ပိုင်ဆိုင်မှု ဖြစ်ပါတယ်။ Blockchain ဟာ Public Ledger လို သဘောမျိုး ဖြစ်ပြီး NFTs ပိုင်ရှင်တွေကို သက်သေခံပေးပါတယ်။ NFTs တွေကို Cryptocurrency နဲ့ ဝယ်ယူနိုင်ပြီး Blockchain က ဝယ်ယူတဲ့ မှတ်တမ်းတွေကို သိမ်းဆည်းပေးထားပါတယ်။ လူတိုင်းက NFTs တွေကို ကြည့်ရှုနိုင်ပေမယ့် ဝယ်ယူထားသူကသာ ပိုင်ဆိုင်သူ အစစ်အမှန် ဖြစ်ပါတယ်။

Crypto Blockchain Industries က ‘Crystal’ Cryptocurrency နဲ့ NFTs တွေကို ရောင်းချပေးလိုက်ပြီလို့ တနင်္လာနေ့က ပြောပါတယ်။

Guetta ဟာ Rihanna, Snoop Dogg , Justin Bieber တို့လို နာမည်ကြီး အနုပညာရှင်တွေနဲ့ တွဲဖက် အလုပ်လုပ်ခဲ့ဖူးပြီး ဂရမ်မီဆု ၂ ကြိမ် ရရှိထားပြီးပါပြီ။

Ref : reuters